31 C
Yangon

ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံး ၃ ကြိမ်ပေါက်ကွဲမှု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မိုးနှင့် ရဲအုပ် ကိုကိုလင်းတို့ ဒဏ်ရာ အပြင်းအထန်ရ

Must read

ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံး ၃ ကြိမ်ပေါက်ကွဲမှု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မိုးနှင့် ရဲအုပ် ကိုကိုလင်းတို့ ဒဏ်ရာ အပြင်းအထန်ရ

ရန်ကုန်၊ မေ ၇

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံး ၃ ကြိမ်ပေါက်ကွဲမှုဖြစ်ပွားပြီး မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မိုးနှင့် ရဲအုပ် ကိုကိုလင်းတို့ ဒဏ်ရာ အပြင်းအထန်ရကြောင်း ရဲသတင်းရပ်ကွက်ထံမှ သိရှိရသည်။

မေလ ၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်၊ ဦးဖိုးခလမ်းရှိ အောင်ဆန်းရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးခန်းအတွင်း လက်လုပ်ဗုံး ၁ လုံးပေါက်ကွဲခဲ့သဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးစဉ် နံနက် ၈ နာရီ ၅၅ မိနစ် အချိန် ရုံးရှေ့ခြံစည်းအနီး၌ လမ်းပေါ်တွင် ဒုတိယမြောက် လက်လုပ်မိုင်း ၁ လုံးထပ်မံပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပျက်စီးသွားကြောင်း၊ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ထပ်မံ တတိယဗုံးပေါက်ကွဲခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မိုးနှင့် ရဲအုပ် ကိုကိုလင်းတို့ ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဗုံးတွေက တစ်လုံးပြီး တစ်လုံး ပေါက်တယ်။ ကျုံပျော်မြို့ပေါ်မှာတော့ လူငယ်တွေ ရမ်းသမ်း အဖမ်းခံရမှာ ကြောက်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article