29 C
Yangon

Khit Thit သတင်းဌာန၏ မေ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မေ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ အိမ်ငှားနေတဲ့ သူတွေနဲ့ အဆောင်နေတဲ့ သူတွေအားလုံး ကိုယ်ရေးရာဇဝင် အပြည့် အစုံရေးပြီး ၊ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက် နဲ့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေဆီကို ပေးပို့ရမယ့်အကြောင်းကို ပြောဆိုလာတယ်လို့ အိမ်ငှားနေသူတွေ နဲ့ အဆောင်နေသူတွေဆီကနေ သိရပါတယ်။

– ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်အတွင်းက ကျေးရွာတွေမှာ ပြည်ပကို သွားရောက် အလုပ်လုပ် ကိုင်သူတွေရှိတဲ့ နေအိမ်တွေရဲ့ စာရင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က ကောက်ခံနေတဲ့အပြင်၊ အဲ့ဒီ့လို ပြည်ပ သွားရောက်အလုပ်လုပ်သူရှိတဲ့ နေအိမ်တွေကနေလည်း လစဉ် စစ်တပ်၊ ရဲ နဲ့ ပျူစောထီး အဖွဲ့ကို ဆက်ကြေးငွေ ပုံမှန်ပေးဖို့ ပြောဆိုလာတယ်လို့ သိရပါတယ်။

– စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒီကနေ့ မေလ ၈ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ ထပ်မံ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ ပြည်သူ ထောင်ဂဏန်းလောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article