25.9 C
Yangon

မင်းအောင်လှိုင်နှင့် အကြမ်းဖက် စစ်ကောင်စီကို တက်ရောက်ခွင့်မပြုသော အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးက လွှမ်းမိုးထား၊ စစ်ကောင်စီအပေါ် အရေးယူမှု မပါသရွေ့ မည်သည့်ထိရောက်မှုမှ မရှိနိုင်ဟုဆို

Must read

မင်းအောင်လှိုင်နှင့် အကြမ်းဖက် စစ်ကောင်စီကို တက်ရောက်ခွင့်မပြုသော အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးက လွှမ်းမိုးထား၊ စစ်ကောင်စီအပေါ် အရေးယူမှု မပါသရွေ့ မည်သည့်ထိရောက်မှုမှ မရှိနိုင်ဟုဆို

ရန်ကုန်၊ မေ ၉

အင်ဒိုနီးရှားနိုင်ငံတွင် မင်းအောင်လှိုင်နှင့် အကြမ်းဖက် စစ်ကောင်စီကို တက်ရောက်ခွင့်မပြုသော အာဆီယံထိပ်သီးအစည်းအဝေးများ ယနေ့ စတင် ကျင်းပနေပြီဖြစ်ပြီး မြန်မာ့အရေးက အာဆီယံခေါင်းဆောင်များအကြား ခေါင်းချင်းဆိုင် ဆွေးနွေးကြရမည့် အရေးကိစ္စအဖြစ် တည်ရှိနေသည်ဟု အင်ဒိုနီးရှားမှ လာသောသတင်းများတွင် ဖော်ပြထားသည်။

၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ယနေ့ မေလ ၉ ရက်နေ့ မှစတင်၍ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၊ Labuan Bajo မြို့တွင်စတင်ကျင်းပနေခြင်းဖြစ်သည်။

ယနေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို စတင်ကျင်းပပြီး မနက်ဖြန်ကျင်းပမည့် အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင်ပါ မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်ကောင်စီကို ကိုယ်စားပြုသူ မည်သူ့ကိုမှ တက်ရောက်ခွင့်မပြုခဲ့ပေ။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးကမူ အာဆီယံအနေဖြင့် မြန်မာ့အရေးကို အရေးယူဆောင်ရွက်မည့် အစီအစဉ်မရှိလျှင် မည်သည့် ထိရောက်မှု မရှိနိုင်ဟု ထုတ်ဖော်ပြောဆိုသည်။

“အရေးယူမှု မပါသရွေ့ကတော့ ဘာမှ မထိရောက်ဘူး။” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်က သုံးသပ်ပြောဆိုသည်။

အင်ဒိုနီးရှားသမ္မတက မူ မြန်မာ့အရေး အဖြေရှာရာတွင် အကြမ်းဖက်မှုများကို ရပ်တန့်ကြရန်၊ ဆွေးနွေး အဖြေရှာကြရန် မေလ ၈ ရက်နေ့ တွင် ထုတ်ဖော်ပြောဆိုထားသည်။

ဓာတ်ပုံ- ယနေ့ စတင်ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီး များ အစည်းအဝေး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article