28 C
Yangon

ကျိုက်မရော အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်း သားများကို ငွေညှစ် လာဘ်ယူသည့်အပြင် ရိုင်းပြစွာ ဆဲဆို၊ ထောင်ဝန်ထမ်းများကိုယ်တိုင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချ

Must read

ကျိုက်မရော အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်း သားများကို ငွေညှစ် လာဘ်ယူသည့်အပြင် ရိုင်းပြစွာ ဆဲဆို၊ ထောင်ဝန်ထမ်းများကိုယ်တိုင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချ

ရန်ကုန်၊ မေ ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဥ်းထောင်တွင် ထောင်ဝန်ထမ်းများမှ လာဘ်ယူခြင်း ခေါင်းပုံဖြတ်ခြင်း ထောင်သွင်းသို့ တရားမဝင်မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးခြင်းများလုပ်ဆောင်ကာ နိုင်ငံရေးအကျဉ်းသားများကို ငွေညှစ်လျက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များနှင့် နီးစပ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကျိုက်မရောဗဟိုအကျဉ်းထောင်အတွင်း ထောင်ဝင်စာဌာန တာဝန်ခံ ဒုကြီးကြပ်အဆင့်ရှိ ဇော်ဆက်နိုင်သည် အခြားဝန်ထမ်းများနှင့် ပေါင်း၍ ထောင်ဝင်စာလာသွင်းသည့် နိုင်ငံရေးအကျဉ်းသား မိသားစုများကို ရိုင်းပြစွာ ပြောဆိုဆက်ဆံခြင်း၊ ငွေကြေးတောင်းခံခြင်း၊ ငွေကြေးမပေးနိုင်ပါက ထောင်ဝင်စာသွင်းခွင့်ပိတ်ပင်ခြင်း၊ မိသားစုများ ယူလာသည့် အစားအသောက်များကို လက်မခံခြင်းတို့ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ထောင်ဝင်စာမှ တစ်ဆင့် မူးယစ်ဆေးဝါးများ ထောင်တွင်းသို့ ဝင်ရောက်နေသည်ဟု အကြောင်းပြကာ ထောင်ဝန်စာကို ပိတ်ပင်ရန် ဖိအားပေးနေပြီး အမှန်တကယ်တွင်မူ ဇော်ဆက်နိုင် နှင့် အခြားဝန်ထမ်းများကိုယ်တိုင် ထောင်တွင်းသို့ မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများကို တရားမဝင် သယ်ယူရောင်းချဖြန့်ဖြူးနေခြင်းဖြစ်ကြောင်း ကျိုက်မရောဗဟို အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရှိရသည်။

အကျဉ်းသားများကိုလည်း ထောင်မှ ဖွင့်ထားသည့် စျေးဆိုင်တွင် အပြင်ဈေးနှင့် ၂ ဆခန့်များပြားသော ကုန်ပစ္စည်းများကို အတင်းအဓမ္မ ဝယ်ယူစေခြင်းများလည်း ပြုလုပ်နေကြောင်း အကျဉ်းသား မိသားစုဝင်များနှင့် နီးစပ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article