28 C
Yangon

တကောင်းမြို့သို့ တက်လာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

Must read

တကောင်းမြို့သို့ တက်လာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

ရန်ကုန်၊ မေ ၁၄

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့သို့ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တကောင်းတိုက်နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ -တကောင်း ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့‌ မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် သပိတ်ကျင်းမြို့နယ်၊ လက်ပန်ကုန်းကျေးရွာမှ တကောင်းမြို့သို့ တက်လာသည့် အကြမ်းဖက် စစ်သား ၅၀ ခန့်ပါ ၆ ဘီးကား ၂ စီးကို တကောင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – တကောင်းပကဖမှ တကောင်းတိုက်နယ်၊ ဆူးတောကျေးရွာအဝင်၌ ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကား ၁ စီးကို ထိမှန်ပြီး ထိုးရပ်သွားကာ စစ်သား ၃ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာရတဲ့သူတွေလဲ ရှိနိုင်တယ်၊ သေဆုံးဒဏ်ရာရတဲ့သူတွေကို တကောင်းတိုက်နယ်ဆေးရုံကို သယ်သွားတယ်၊ အပြန်အလှန်ပစ်ခတ်မှုက သိပ်မကြာလိုက်ဘူး၊ လက်ပံကုန်းကနေ စစ်ကူကား အင်အား ၃၀ လောက်နဲ့တက်လာလို့ ပြန်ဆုတ်ခဲ့ရတာ၊ အဲဒီကားပါ တကောင်းမြို့ထဲပါသွားတယ်၊ ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု တကောင်းတိုက်နယ် ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မိဘပြည်သူများအနေနှင့် မုန်တိုင်းအန္တရာယ်ဂရုစိုက်ကြရန်၊ မုန်တိုင်းတိုက်ခက်လာပါက အရန်သင့် ရွှေ့ပြောင်းနိုင်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန် တကောင်း ပကဖမှ အထူးသတိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article