28 C
Yangon

ပုဏ္ဏားကျွန်းမြို့တွင် မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်၊ စျေး၊ ရုံးနှင့်ကျောင်းများ ပျက်စီး

Must read

ပုဏ္ဏားကျွန်းမြို့တွင် မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်၊ စျေး၊ ရုံးနှင့်ကျောင်းများ ပျက်စီး

ရန်ကုန်၊ မေ ၁၅

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်၊ စျေး၊ ရုံးနှင့်ကျောင်းများ ပျက်စီးကြောင်း ဒေသပြည်သူတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် သတင်းမျှဝေထားသည်။

ပုဏ္ဏားကျွန်းဒေသခံ Zeyar Htun Zက “ပုဏ္ဏားကျွန်းမြို့ ဈေး၊ ရုံး၊ ကျောင်းများပျက်စီးဟုသိရှိရ နေအိမ်အများအပြား RC အိမ်မှလွဲ၍ အတော်များများပျက်စီးဟုသိရှိရ ဦးရာဇ်တောင်ဘုရားဓာတ်လှေကားပျက်စီး ထီးတော်အနည်းငယ်စောင်းဟုထင်ရ ကြိုးတံတားပျက်စီး” ဟု ဖေ့ဘုတ်စ် လူမှုကွန်ရက်တွင် ရေးသားထားသည်။

ပုဏ္ဏားကျွန်းမြို့ခံ ပရဟိတသမားတစ်ဦးကမူ မြို့ပေါ်တွင် လူအသေအပျောက်လုံး၀ မရှိဘဲ ကျေးရွာများ၏ အခြေအနေကို မသိရှိသေးဟု ပြောဆိုသည်။

“မုန်တိုင်းတိုက်လို့ မြို့ပေါ်မှာတော့ လူထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာမျိုးမရှိသေးဘူးလို့ပဲ သိထားပါတယ်။ ရွာတွေဘက်တော့ ကျနော်တို့ လက်လှမ်းမမီလို့ မသိသေးဘူး” ဟု မြိုု့ခံပရဟိတသမားတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article