26 C
Yangon

ငါးဇွန်မြို့နယ်၊ တောင်ရွာဘိုရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ ဖျက်ဆီးကာ ပြည်သူ ၁ ဦးကို ဖမ်းဆီးသွား

Must read

ငါးဇွန်မြို့နယ်၊ တောင်ရွာဘိုရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ ဖျက်ဆီးကာ ပြည်သူ ၁ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ မေ ၁၅

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ တောင်ရွာဘိုရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ ဖျက်ဆီးကာ ပြည်သူ ၁ ဦးကို ဖမ်းဆီး သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက တောင်ရွာဘိုရွာကို ဝင်ရောက် စီးနင်းပြီး ကိုကျော်စွာလင်းကို ရိုက်နှက်ဖမ်းဆီးကာ နေအိမ်ရှိ ရွှေငွေ လက်ဝတ်လက်စား အဖိုးတန် ပစ္စည်းအပြင် အိမ်ရှိ ပစ္စည်း မှန်သမျှကို လုယှက်ခိုးယူသွားကြောင်း သိရသည်။

” အိမ်ရှိ ပိုင်ဆိုင်မှု အဖိုးတန်မှန်သမျှ လုယှက် ယူဆောင်သွာပြီး စကူဘီးအနက်တစ်စီး၊ 125 ဆိုင်ကယ်တစ်စီး၊ တရုတ်နီစက် ဒိုင်နဗိုဘက်ထရီ ၊ ဆိုလာ၊ ရေသရောက် ၊ ရေခဲသေတာ အချိုရည်မျိုးစုံ၊ စားစရာမျိုးစုံတို့နဲ့အတူ ရွှေငွေအကုန်တပြားမကျန်အကုန် အတင်းဓားမြတိုက်ယူသွားပါတယ်။ ကိုကျော်စွာလင်း နေအိမ်ရှိ ပစ္စည်းတွေတင်ဖို့ နောက်ထပ်လိုက်ထရပ်ကားသုံးစီး လှမ်းဖုန်းဆက်ခေါ်ပြီးအကုန်ဓားမြတိုက်သလို လုယှက်ယူဆောင်သွားပါတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများသည် ကိုကျော်စွာလင်းကို ဖမ်းဆီးရိုက်နှက်ကာ သားကျင်ကျေးရွာရှိ ကိုမင်းမောင်နှင့် ကိုဇိုးကြီးတို့ ၂ ဦးကို အကြောင်းကို မေးမြန်း​ကြောင်း၊ ကိုကျော်စွာလင်းကို လက်ရှိအချိန်တွင် မည်သည့်နေရာတွင် ရှိသည်ကို အတိအကျမသိဘဲ ၎င်း၏ ဖုန်းမှာ စစ်ကောင်စီနှင့် ပျူစောထီးတို့ လက်ထဲတွင် ကျန်ရှိနေပြီး လက်ရှိအချိန်ထိ လိုင်းသုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

“PDF ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်၊ လက်နက် ၂ လက်ရှိတယ်ဆိုပြီး ကိုကျော်စွာလင်းတို့ အိပ်ခန်းထဲ နာမည်အတိအကျနဲ့ ဝင်ရောက်ဖမ်းဆီး ရိုက်နှက်ပြီး သားကျင်ရွာက လက်ဖက်ရည်ဆိုင်ကို လိုက်ပြခိုင်းတယ်။ လက်ဖက်ရည်ဆိုင်က ယောက်ျားလေးတွေ ဈေးလာဝယ်သမျှ ယောက်ျားလေးတစ်ယောက်မကျန် ဝမ်းလျားမှောက် လက်ပြန်ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတယ် ဖမ်းခေါ်သွားတဲ့သူတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့သိရတယ်” ဟု ကိုကျော်စွာလင်း၏ မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကိုကျော်စွာလင်းကို လာရောက်ဖမ်းဆီးသူများမှာ တောင်ရွာဘိုရွာမှ ဒလံ ပျူစောထီး ကိုညွန့်လွင်နှင့် အပေါင်းပါများဖြစ်ပြီး ပျူစောထီးများနှင့် အတူ တပ်မ ၄၇ တံဆိပ်ပါ ယူနီဖောင်း ၂ ဦးနှင့် အရပ်ဝတ်ခန့်မှန်‌ခြေ ၆ ‌ဦးတို့ လာရောက်ဖမ်းဆီးကာ အိမ်အတွင်းကို စိတ်ကြိုက် မွှေနှောက်ယူသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် ကိုကျော်စွာလင်း၏ အခြေအနေကို ‌မိသားစုဝင်များ သေချာစွာ မသိရှိရသေးဘဲ ကိုကျော်စွာလင်း၏ ဖုန်းကို စစ်ကောင်စီနှင့် ဒလန်များက ၎င်းအဖြစ် ဟန်ဆောင်သုံးစွဲနေ၍ ကိုကျော်စွာလင်း အဆက်အစပ်ရှိသူများ သတိထားရန် လိုကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article