33 C
Yangon

ပေါက်မြို့နယ်တွင် မုန်တိုင်းကြောင့် မိုးသက်လေပြင်း တိုက်ခိုက်ပြီး စစ်ဘေးရှောင်စခန်း ၁ ခုလုံး ပျက်စီးကာ စားနပ်ရိက္ခာနှင့် မြွေဆိပ်ဖြေဆေးများ လိုအပ်နေ

Must read

ပေါက်မြို့နယ်တွင် မုန်တိုင်းကြောင့် မိုးသက်လေပြင်း တိုက်ခိုက်ပြီး စစ်ဘေးရှောင်စခန်း ၁ ခုလုံး ပျက်စီးကာ စားနပ်ရိက္ခာနှင့် မြွေဆိပ်ဖြေဆေးများ လိုအပ်နေ

ရန်ကုန်၊ မေ ၁၅

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသက်လေပြင်း တိုက်ခိုက်ပြီး စစ်ဘေးရှောင် စခန်း ၁ ခုလုံး ပျက်စီးကာ စားနပ်ရိက္ခာနှင့် မြွေဆိပ်ဖြေဆေးများ လိုအပ်နေကြောင်း Successful Force – Pauk တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန် ခံ ကိုလိပ်ပြာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၄ ရက်နေ့က တိုက်ခိုက်ခဲ့သော မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် မိုးသက်လေပြင်း တိုက်ခတ်ပြီး ယောချောင်းရှိ ရေများ မြင့်တက်လာသောကြောင့် ပေါက်မြို့နယ် တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ထောင်ခန့်နေထိုင်သည့် စစ်ဘေးရှောင် စခန်းမှ တဲပေါင်း ၅၀ ကျော်အတွင်းရှိ စားနပ်ရိက္ခာ၊ အိုးခွက်ပန်း၊ ဆိုင်ကယ် ၁၅ စီး၊ ရေစုပ်စက် ၂၀ ၊ ကုတင် ၁၅ လုံး၊ တန်းလျား ၃၀ ၊ စားပွဲ ၂၀၊ ဗီရို ၂၀ ၊ စက်လှေ ၂ စီး ၊ကြက်အကောင်ရေ ၃၀၀၀ နီးပါး၊ နွား ၃၀ ၊ ဝက် ၁၀ ကောင် တို့နှင့်အတူ သီးနှံစိုက်ခင်း၊ နွေနှမ်း ဧက ၅၀၀ ခန့်တို့ရေထဲမျောပါ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“လူတွေတော့ ထိခိုက်မှုမရှိဘူးဗျ၊ ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ကယ်ဆယ်ထားနိုင်လိုက်လို့၊ တဲတွေ၊ ကြက်တွေ၊ ဝက်တွေ၊ ပရိဘောဂ ပစ္စည်းတွေကတော့ အကုန်ရေထဲမျောကုန်တာ၊ အကုန်လုံးဆို ရင် ဆုံးရှုံးမှုတန်ဖိုးက သိန်း ၂ ထောင်နီးပါးလောက်ရှိမယ်၊ စက်လှေ ၂ စီးပါ ရေထဲမျောသွားတယ်၊ သီးနှံစိုက် ခင်းတွေလဲ အများကြီးဆုံးရှုံးသွားတယ်” ဟု Successful Force – Pauk တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြား ရေး တာဝန် ခံ ကိုလိပ်ပြာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

NUG အစိုးရ၏ ကြိုတင်သတင်းပေးမှုကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် တစ်ပတ်စာ ကြိုတင် ပြင်ဆင်နိုင်ခဲ့သော်လည်း မိုးတွင်းကာလဖြစ်သဖြင့် စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ မိုးကာများ လိုအပ် နေကြောင်း၊ ရေတက်လာမှုကြောင့် မြွေဆိုးအန္တရာယ်နှင့် ကြုံတွေ့နေရပြီး မြွေဆိပ်ဖြေဆေးနှင့် ဆေးဝါးများလည်း လိုအပ် လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article