33 C
Yangon

မြဝတီမြို့နယ်၊ ကျောက်မိုင်းဒေသ တိုက်ပွဲတွင် စစ်သား ၃ သေဆုံး

Must read

မြဝတီမြို့နယ်၊ ကျောက်မိုင်းဒေသ တိုက်ပွဲတွင် စစ်သား ၃ သေဆုံး

ရန်ကုန်၊ မေ ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်မိုင်းဒေသအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်း ဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၃ ဦး‌ သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း ထံမှ သိရသည်။

ယမန်နေ့ မေလ ၁၄ ရက် နေ့က ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့များ တပ်စွဲနေရာယူ ထားသော ကျောက်မိုင်းနယ်မြေဒေသသို့ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးအများအပြားပစ်ခတ်ကာ စစ် ကြောင်းထိုးဝင်ရောက်လာသဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့များ အထိအခိုက်မရှိ ခဲ့ ကြောင်း သိရသည်။

အလားတူ ယနေ့ မေလ ၁၅ ရက်နေ့တွင်လည်း ထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ကော်ဘရာ စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်မျာ အထိအခိုက်မရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန် ထားသည်။

မြဝတီမြို့နယ်၊ လက်ခတ်တောင်နှင့် ကျောက်မိုင်းဒေသ အတွင်း၌ တပ်မဟာ ၆ ၊ KNU/KNLA၊ ကော်ဘရာ စစ်ကြောင်း ၁ ၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle စသည့် ပူးပေါင်းတပ်ဖွဲ့များမှ တပ်စွဲထားရာ ယင်းနေရာအား သိမ်းပိုက်နိုင်ရန် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၁၁၈ ၊ ခလရ ၈ ၊ ခလရ ၂၇၅ ၊ BGF ၁၀၁၉ တပ်ရင်းတို့ ပူးပေါင်းကာ ထိုးဖောက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article