32 C
Yangon

ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု စာသင်ကျောင်းနှင့် နေအိမ် ၅ လုံး ထိခိုက် ပျက်စီး

Must read

ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု စာသင်ကျောင်းနှင့် နေအိမ် ၅ လုံး ထိခိုက် ပျက်စီး

ရန်ကုန်၊ မေ ၁၈

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းနှင့် နေအိမ် ၅ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

မေလ ၁၈ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့် အကြမ်းဖက် စစ်တပ်က ဒီးမော့ဆိုမြို့နယ်ရှိ ဒေါလျားခူကျေးရွာနှင့် ဖဲလျား ကျေးရွာကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု​​ကြောင့် ဒေါလျားခူကျေးရွာနှင့် ဖဲလျား ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၅ လုံးအပါအဝင် စာသင်ကျောင်းများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

Photo – kamlaat-kayah idps assistance network

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article