35 C
Yangon

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၄၉ ဦး ဖမ်းဆီးခံရ

Must read

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၄၉ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ မေ ၂၅

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၉ ဦးကို ယမန်​နေ့မေ ၂၄ ရက်နံနက်အစောပိုင်းအချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းဌာနက သတင်း​ဖော်ပြထားသည်။

ကန်ချနဘူရီခရိုင် ထို့ဖာ့ဖမ်းဒေသရှိ ကျွန်းသစ်တောထဲတွင် ပုန်းခိုနေသော မြန်မာအလုပ်သမားများကို တွေ့ရှိရကြောင်း သတင်းပေးတိုင်ကြားသဖြင့် ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်း ဖြစ်ဟုဆိုသည်။

မြန်မာအလုပ်သမားများတွင် အမျိုးသား ၂၉ ဦးနှင့် အမျိုးသမီး ၂၀ ဦးတို့ဖြစ်ကြပြီး အားလုံးသည် အထောက်အထားမဲ့များဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး၊ ရခိုင်တို့မှ လာရောက်ကြခြင်းဖြစ်ဟုဆိုသည်။

၎င်းတို့သည် စမွတ်စခွန်၊ ရယွန်၊ ကန်ချနဘူရီနှင့် ဘန်ကောက်မြို့တို့တွင် အလုပ်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ကုန်ကျစရိတ် ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ ကို ပွဲစားသို့ ပေးချေခဲ့ပြီးဖြစ် ကြောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့သည် ထိုင်းနိုင်ငံထဲသို့ တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြပြီး သတ်မှတ်နေရာများသို့ သွားရောက်ရန် ပွဲစားလာခေါ်မည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများကို ဥပဒေအရ ဆက်လက်အရေးယူရန် ထို့ဖာ့ဖမ်းရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် နေရပ်ပြန်လည်ပို့ဆောင်ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမား ဖမ်းဆီးခံရမှုဦးရေသည် မေလအတွင်း ၃၅၀ နီးပါး ရှိနေပြီဖြစ် သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article