28 C
Yangon

ရေတာရှည်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရေတာရှည်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၅

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ အပြင်းအထန် ရရှိကြောင်း သံတောင် မြောက် ပိုင်းအထူးဒေသ တပ်ခွဲ ၄ ဒေါင်းမင်းသားညီနောင်အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။

မေ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၂ မိနစ်အချိန် ရေတာရှည်မြို့နယ်၊ ဇစ်ရိုးကုန်း စည်ပိုင်း ကျေးရွာအုပ်စု၊ ရှမ်းရွာတွင် စစ်ကြောင်းထိုးလာ သောအင်အား ၂၀ ခန့် ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေ ဆုံးကြောင်း၊ အခြား စစ်သား ၂ ဦးမှာ ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း သိရှိရ သည်။

“အင်အား၂၀ ခန့်ရှိ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး ၂ ယောက်အပြင်းအထန် ဒဏ်ရာရပါတယ်။ သံတောင်မြောက်ပိုင်း အထူးဒေသ တပ်ခွဲ ၄ ဒေါင်းမင်းသားညီနောင်အဖွဲ့က လုပ်ဆောင်တာပါ” ဟု သံတောင်မြောက်ပိုင်းအထူးဒေသ တပ်ခွဲ ၄ ဒေါင်းမင်းသားညီနောင်အဖွဲ့မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- ပေါက်ကွဲမှုတွင် သေဆုံးသော အကြမ်းဖက်စစ်သား ၁ ဦး။ (ပုံအဟောင်း ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article