35 C
Yangon

ရန်ကုန်၊ သခင်မြပန်းခြံအနီးတွင် စစ်သားများ ဝင်စစ်ဆေးချိန် ဗုံးပေါက်ကွဲ

Must read

ရန်ကုန်၊ သခင်မြပန်းခြံအနီးတွင် စစ်သားများ ဝင်စစ်ဆေးချိန် ဗုံးပေါက်ကွဲ

ရန်ကုန်၊ မေ ၂၅

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ သခင်မြပန်းခြံအနီးတွင် စစ်သားများ ဝင်ရောက် စစ်ဆေးချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မေလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန် အလုံမြို့နယ်၊ သခင်မြပန်းခြံ အနီးတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာချိန် ဗုံး၂လုံးဆင့်ပေါက်ကွဲ ခြင်းဖြစ်ပြီး ထိခိုက်သူမရှိကြောင်း၊ လမ်းသွားလမ်းလာများကို စစ်တပ်က ခေါ် ယူ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ဗုံးတွေ့လို့ လာစစ်တာထင်ပါတယ်။ အဲဒီမှာ ဗုံးက ထကွဲတယ်။ ဒါပေမယ့် လည်း အထိအခိုက်မရှိဘူး။ ဗုံးကွဲချိန်ခဏတော့ ပိတ်ဆို့စစ်ဆေးတာတွေရှိတယ်။ အခုတော့ ပြန်ပွင့်သွားပါပြီ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article