34 C
Yangon

ချောင်းဦးတွင် မိုင်းရှင်းရန်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး၊ ပခုက္ကူမြို့တွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ချောင်းဦးတွင် မိုင်းရှင်းရန်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး၊ ပခုက္ကူမြို့တွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မိုင်းရှင်းရန်လာသည့် စစ်​ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ အရာရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း CHAUNG U REVOLUTION ARMY မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ချောင်းဦးဘက် မှ မိုင်းရှင်းရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်

CHAUNG U REVOLUTION ARMY (CRA) ၏

တပ်ခွဲ ၃ (ဗိုလ်နိုင် လေပွေမုန်တိုင်း ပြည်သူကာကွယ်ရေး ဖွဲ့) က ပဒေသာမိုင်း ပွိုင့် ၃လုံးတွဲဖြင့် ချိန်သားကိုက် ဖောက်ခွဲနိုင်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်ဗိုလ် ၁ ဦး အပါအဝင် စကစ တပ်သား ၅ ဦး သေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာရရှိကာ ၂ ပွင့် စစ်ဗိုလ် မှာ မျက်လုံး ၂ လုံးနှင့် လက်တစ်ဖက် ဆုံးရှုံးပြီး၊ အခြား စစ်သား ၂ ဦးမှာ ခြေပြတ်၍ စိုးရိမ်ရ ဒါဏ်ရာ များ ရရှိကာ ချောင်းဦး ဆေးရုံးတွင် ဆေးကုသမှူ ခံယူနေရကြောင်း သိရှိရသည်။

“ကျွန်တော်အနေနဲ့ကလည်း MODဆီကနေပြီးတော့ ထိရောက်တဲ့ ထောက်ပံ့ မှူမျိုး လိုချင်ပါတယ်။

အရည်အချင်းရော အရေအတွက်ပါ ပြည့်စုံအောင် ကြိုးစားထားပြီး ရွတ်ရွတ်ချွံချွံ တိုက်ပွဲ ဝင်နေတဲ့အတွက် ကြိုးစားကူညီပေးကြပါ။ လုပ်ဆောင်ချက် တိုင်းမှာ MOD က ထောက်ပံ့မှူက ထောက်ပံ့တဲ့ အကြိမ်တွေမှာတောင် ၅ ပုံ ၁ ပုံလောက်ပဲ ပြန်ရတဲ့အတွက် ကြီးမားတဲ့တိုက်ပွဲဖော်ရင် ကုန်ကြစရိတ်ကို ၄ လလောက် ပြန်ပြီးစုနေရတဲ့အတွက် နှောင့်နှေးနေရပါတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး တိုက်ပွဲ ဖော်နေတယ်လို့ ပြောလို့ရအောင်ကို ထောက်ပံ့မှူ အားနည်း လွန်းတဲ့အတွက် ခေါင်းဆောင်များ အနေဖြင့် ထိထိရောက်ရောက် ထောက်ပံ့ ပေးပါ” ဟု CHAUNG U REVOLUTION ARMY မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့မှ လာသည့် စစ်သား များ လိုက်ပါလာသော ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦး သေဆုံးကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၇ ရက်နေ့တွင် ပခုက္ကူမြို့မှ ငွေထုတ်၍ ပြန်လာသည့် ညောင်ဂျစ်ပင်ရွာမှ စစ်သားနှင့် ပျူစောထီးများ လိုက်ပါလာသည့် Alphard ကားကို မြိုင် ပကဖတပ်ရင်း – ၁ တပ်စိပ် ၂ စိပ်မှ တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို ပစ်ခတ်ခဲ့ပြီး စစ်သား နှင့် ပျူစောထီး ၂ ဦး ကျည်ထိမှန်သွားကြောင်း၊ ယင်းကားသည် မောင်းပြေးသွားသောကြောင့် မြိုင် ပကဖ မှ ကင်းပုန်းများဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ စစ်သားနှင့် ပျူစောထီး ၃ ဦး လဲကျသွားကြောင်း၊ အဆိုပါ ကားသည် ကံမမြို့သို့ ရောက်ရှိစဥ် အလောင်း ၁ လောင်းနှင့် ဒဏ်ရာရ ၄ ဦး လာရောက် ပို့ဆောင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article