29 C
Yangon

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချောင်းနားရွာဟောင်းကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေ၊ ယခုရက်ပိုင်းအတွင်း ကျေးရွာ ၅ ရွာထက်မနည်းကို စစ်တပ်က ပစ်ခတ် မီးရှို့ဖျက်ဆီး

Must read

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချောင်းနားရွာဟောင်းကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေ၊ ယခုရက်ပိုင်းအတွင်း ကျေးရွာ ၅ ရွာထက်မနည်းကို စစ်တပ်က ပစ်ခတ် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၂၉

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ ချောင်းနားရွာဟောင်းကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေပြီး ယခုမေလကုန် ရက်ပိုင်းအတွင်း ကျေးရွာ ၅ ရွာထက်မနည်းကို စစ်တပ်က ပစ်ခတ် မီးရှို့ဖျက်ဆီးနေကြောင်း Successful Force – Pauk ၊သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လိပ်ပြာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ပေါက်မြို့နယ်တောင်ပိုင်း ချောင်းနားရွာဟောင်းကို တပ်ကုန်းကျေးရွာမှ ပျူစောထီးများနှင့်စစ်သားများက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေကြောင်း၊ ပျူစောထီးနှင့် စစ်သား ပူးပေါင်း အင်အား များပြားပြီး ပြည်သူအများအပြား စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း သိရှိရသည်။

“ချောင်းနားရွာဟောင်းမှာ ပြည်သူတချို့လည်း စစ်တပ်ရဲ့ အဖမ်းခံထားရတယ်။ပျူနဲ့စခတွေ အင်အားများတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ဖို့ခက်ခဲနေတာ။ လက်ရှိအထိတော့ ချောင်းနားရွာဟောင်းနားကို ကပ်လို့မရသေးဘူး။ ရွာကတော့ တောင်ပိုင်းကနေ စပြီး မီးရှို့ခံနေရတယ်” ဟု Successful Force – Pauk ၊သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လိပ်ပြာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မေလ ၂၈ ရက်နေ့တွင် ကိုင်းလယ်ကျေးရွာ၊ တဲတော်ယာတောင်စုကျေးရွာ၊ ပြစ်တဲကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မေလ ၂၆ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းက ဇီးတော၊တောင်ဘက်ကျေးရွာများဆီသို့ လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး အဆိုပါစစ်ကြောင်းက ဆက်တိုက် အခြားကျေးရွာများအားလုံးကို စစ်ကြောင်းထိုးနေကြောင်း၊ ယင်းစစ်ကြောင်းတွင် စစ် အင်အား ၈၀ ခန့် ပါဝင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article