28 C
Yangon

မိုးဗြဲတွင် စစ်တပ်က တိုက်လေယာဥ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံး

Must read

မိုးဗြဲတွင် စစ်တပ်က တိုက်လေယာဥ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၉

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်၊ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း မိုးဗြဲ PDF တပ်ထံမှ သိရသည်။

မေလ ၂၇ ရက်နေ့တွင် မိုးဗြဲမြို့တွင်းရှိ အကြမ်းဖက်စစ်တပ်ကို KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်စဥ် အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ၈ ကြိမ်၊ လက်နက်ကြီးများဖြင့် အမြောက်အများ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက် ၃ နှစ်ကျော် အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်တပ်က တောင်ယာ လုပ်ရန် ယာထဲသွားသည့် ပြည်သူ ၁ ဦးကိုလည်း ပစ်သတ်ခဲ့​ကြောင်း သိရသည်။

မေလ ၂၈ ရက်နေ့ နံနက် ၄ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်တပ်က မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းများကို တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

မိုးဗြဲမြို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အကြား စစ်ရေးတင်းမာနေပြီး စစ်ဘေးရှောင် ပြည်သူများအနေဖြင့် မိမိတို့လုံခြုံရေးကို အထူးဂရုစိုက်သွားလာနေထိုင်ကြပါရန် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article