35 C
Yangon

မိုးကုတ်မြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

မိုးကုတ်မြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၉

မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံး ခဲ့ကြောင်း မိုးမိတ်ခရိုင်တပ်ရင်း ထံမှ သိရသည်။

မေလ ၂၈ ရက် ညနေ ၆ နာရီခန့်တွင် ခလရ ၁၄၈ နှင့် တပ်မ ၃၃ တို့ တပ်စွဲထားသော မိုးကုတ်မြို့အရှေ့ပိုင်း အောင်မြေ မင်္ဂလာ ကျောင်းတိုက်နှင့် အမှတ် ၁၄ ရဲတပ်ရင်း၊ ခလရ ၁၄၈ တို့ တပ်စွဲထားသော မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံတို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကချင်လွတ်မြောက်ရေး တပ်မတော် (K.I.A.) အမှတ်(၃၄) တပ်ရင်းနှင့် မိုးမိတ် ခရိုင် KPDFတပ်ရင်းတပ်ခွဲ၁ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article