35 C
Yangon

သံဖြူဇရပ်တွင် စစ်ယာဉ်တန်းကို ၃ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ မင်းတပ်တွင်လည်း တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး

Must read

သံဖြူဇရပ်တွင် စစ်ယာဉ်တန်းကို ၃ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ မင်းတပ်တွင်လည်း တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၃၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောရွာနှင့် ရွာသာအေးရွာ အကြား၌ အကြမ်းဖက် စစ်ယာဉ်တန်းကို ၃ ကြိမ်ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး သေဆုံးခဲ့ကြောင်း တောင်ညိုပြည်သူ့ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ မေလ ၃၀ ရက် နံနက် ပိုင်းတွင် သံဖြူဇရပ်မြို့မှ ရေးဘက်သို့ ဖြတ်သန်းသွားလာသော အကြမ်းဖက် စစ်ကား ၄ စီး၊ ရိက္ခာတင်ကား ၅ စီးကို နံနက် ၈ နာရီ ၅၆ မိနစ်တွင် ပိန္နဲတောရွာနှင့် ရွာသာအေး ရွာကြားတွင် တစ်ကြိမ်၊ နံနက် ၉ နာရီ ၇ မိနစ်တွင် ဘေးလမိုင်းရွာ အနီး တစ်ကြိမ် ချုံခို တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထို့အပြင် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ယင်းကားတန်းအား လမ်ကင်းယူပေးသော လမ်းကင်းအဖွဲ့ အား ရွာသာအေးရွာ အနီး၌ ထပ်မံပြီး ချုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု ၃ ကြိမ်အတွင်း အကြမ်း ဖက်စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ ရမ်းသမ်းပစ်ခတ်မှု ကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း တောင်ညိုပြည်သူ့ ပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ မင်းတပ်မြို့နယ်၊ မင်းတပ်-ကျောက်ထုလမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး CDF – Mindat တပ်ဖွဲ့ဝင်တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ယမန်နေ့ မေလ ၂၉ ရက် နေ့လည် ၁ နာရီခန့်က မင်းတပ်မြို့မှ အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၂၀၀ ခန့်ဖြင့် မင်းတပ်မြို့မှ ကျောက်ထုဘက်သို့ ဆင်းလာသော အကြမ်းဖက်စစ်ကြောင်းကို CDF Mindat ၊ CDF Kanpetlet ၊ ဂန့်ဂေါခရိုင် တပ်ရင်း ၁၃ ၊ တပ်ရင်း ၈ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့်အကြာ တိုက်ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ CDF Mindat ရဲဘော်တစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article