37 C
Yangon

ရွှေဘိုနှင့် ဝက်လက်ရှိ စစ်ကြောင်းနှင့် ပျူစောထီးစခန်းတို့ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရွှေဘိုနှင့် ဝက်လက်ရှိ စစ်ကြောင်းနှင့် ပျူစောထီးစခန်းတို့ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၃၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်ရှိ စစ်သားများကို တိုက်ခိုက်ရာ ၃ ဦးသေဆုံးကြောင်း BLACK WOLF – ARMY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၆ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ရွှေဘို – ကျောက်မြောင်း လမ်းပိုင်း၌ စစ်ကြောင်း ထွက်လာသည့် အင်အား ၅၀ ဦးခန့်ပါ အကြမ်းဖက် စစ်တပ်ကို BLACK WOLF – ARMY ၊ WHO AM I ARMY တို့မှ ရွှေဘို – ကျောက်မြောင်းလမ်းပိုင်း၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မေလ ၂၈ ရက်နေ့ ၁၀ နာရီ ၃၀ မိနစ်တွင် ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာ၌ တပ်စွဲထားသော အင်အား ၆၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို BLACK WOLF – ARMY နှင့် မဟာမိတ် တပ်ဖွဲ့များ ဖြစ်သော WHO AM I – ARMY ၊ ပြည်သူ့အစေခံ တပ်ဖွဲ့တို့မှ ပူးပေါင်းပြီး ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ကာ ဘန်ကာ ၁ လုံးပွင့်ထွက်သွားပြီး စစ်သား ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာပျူစခန်းအား လက်နက်ကြီး အလုံး ၈၀ နီးပါးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ ၇ ဦးအထက် ဒဏ်ရာရရှိပြီး သေဆုံးစာရင်း သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း Shwebo Fedral Army SBFA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မေလ ၃၀ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီး ၄၀ ကျော်ဖြင့် တပ်စွဲထားပြီး အနီးအနားကျေးရွာများကို မကြာခဏ မီးရှို့လုယက်ဖျက်ဆီး နေသော ရွာသာပျူစခန်း အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ လက်နက်ကြီး အလုံး ၈၀ နီးပါးပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပျူစောထီး ၇ ဦးအထက်ဒဏ်ရာရရှိကာ အသေအပျောက်စာရင်း စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ကျနော်တို့အဖွဲ့က အဖူး ၁၈ ဖူး၊ အကုန်ကွဲတယ်၊ မဟာမိတ်တွေစုပစ်တာရောဆိုရင် အားလုံး ၇၈ လုံး၊ အဖွဲ့အားလုံးပေါင်း ကျနော်တို့အဖွဲ့ အများဆုံးပေါ့၊ အထိအခိုက်ကတော့ များတယ်၊ ဒီနေ့က အစီအစဉ် မရှိပဲ ဖြစ်သွားတာ၊ ခွေးတွေ မူးနေတယ်လို့ သတင်းရလို့ သွားဆော်ကြတာ၊ ခွေးတွေဘက်က ၆၀ မမ နဲ့ ၂ လုံးပြန်ပစ်တယ်၊ ၄၀ မမနဲ့ကတစ်လုံး၊ လက်နက်ငယ်အချက် ၂၀ လောက်ရှိမယ်” ဟု Shwebo Fedral Army SBFA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်မိကျောင်းအဖွဲ့၊ Shwebo Federal Army SBFA ၊ ၊snake eyes၊ (ဒေါင်းမာန် (LPDF)၊ ဒေါင်းစစ်သည် (LPDF)၊ မဟူရာ ရွှေဘိုသား၊ ခွတ်ဒေါင်းဖိုက် တာ(LPDF)၊သမန်းကျား (LPDF)၊ ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေး(SBO) ရွှေဘိုခရိုင် တပ်ရင်း(၄)တပ်ခွဲ(၂)၊ တန၊၅ ၊တန ၊၂ မဟာမိတ် ညီအကိုများပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခို်ကမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article