ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ ဖျက်ဆီးသွား
ရန်ကုန်၊ မေ ၃၁
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ ဖျက်ဆီးသွားကြောင်း Kawlin Revolution – KR အဖွဲ့ထံမှ သိရသည်။
မေလ ၂၇ ရက်နေ့တွင် ကောလင်းဘက်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကောလင်းမြို့ကျောက်တန်းရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းများကို ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ကားကြီး ကားငယ်များဖြင့် သစ်ဖုလတောင်ကုန်းရှိ စစ်တပ် အထိုင်စခန်းကို ယူဆောင်သွားကြောင်း သိရသည်။