38 C
Yangon

တနင်္သာရီမြို့နယ်တွင် စစ်တပ် ယာဥ်တန်းကို ၃ ကြိမ်မိုင်းဆွဲ တိုက်ခိုက်

Must read

တနင်္သာရီမြို့နယ်တွင် စစ်တပ် ယာဥ်တန်းကို ၃ ကြိမ်မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၃၁

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ၃ ကြိမ်မိုင်း ဆွဲ တိုက်ခိုက်ခဲ့ရာ ကား ၁ စီးပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၃၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြိတ်မြို့မှ ဆင်းလာသည့် ကျောက်တင်ကား တစ်စီး၊ ဗီဂိုကားတစ်စီးနှင့် စစ်ကား အကြီး ၃ စီးပါ ယာဉ်တန်းကို ဆင်ဒင်ရွာနှင့် ရမ်းဖိုကျေးရွာအကြားတွင် ၁ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၆ နာရီခွဲခန့်က ချောင်းညီကို ရွာလမ်းတစ်နေရာ၌ ဒုတိယ အကြိမ် ထပ်မံ မိုင်းဆွဲခဲ့ပြီး နံနက် ၇ နာရီခွဲခန့်တွင် ဘန်းလမွတ်ရွာအနီး တတိယအကြိမ် မိုင်းဆွဲခဲ့ကာ ကား ၁ စီးပျက်စီးခဲ့ကြောင်း သိရသည်။

“ပထမအကြိမ် မိုင်းဆွဲခံရပြီးတော့ စစ်သားတွေက ခြေလျင်နဲ့ ဆက်ထွက်တာ၊ ဒုတိယအကြိမ် ဆွဲခံရ တော့ ကားပေါ်ပြန်တက်သွားပြီး ကားနဲ့ဆက်ထွက်တယ်၊ အဲဒီအချိန် တတိယအကြိမ် ထပ်မိုင်းဆွဲခဲ့တာ၊ ထိခိုက်သေဆုံးမှုကတော့ စိစစ်နေတုန်းပဲ၊ ထိခိုက်မှုတော့ များမယ်၊ ဗင်ဂိုကားတစ်စီးဆိုရင် ခေါင်းကြေ ထွက်ပြီး ထိုးရပ်သွားတာ” ဟု တောဗုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ က ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများမှ ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article