လောင်းလုံးမြို့နယ်တွင် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် တော်လှန်ရေး ချီတက် သပိတ်မှောက်
ရန်ကုန်၊ မေ ၃၁
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ၏ အဖွဲ့ဝင်အင်အားစု တစ်ခု ဖြစ်သော နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်) မှ ဦးဆောင်ကာ ယနေ့ မေလ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် တော်လှန်ရေး ချီတက် သပိတ်မှောက် ခဲ့ကြောင်း သိရသည်။