29 C
Yangon

ထားဝယ်မြို့တွင် စစ်တပ် ကင်းပုန်းနှင့် ဝန်ကြီးများ အိမ်ရာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ယင်းမာပင်မြို့တွင်လည်း ထွေအုပ်ရုံးနှင့် စစ်တပ်လှည့်ကင်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ထားဝယ်မြို့တွင် စစ်တပ် ကင်းပုန်းနှင့် ဝန်ကြီးများ အိမ်ရာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ယင်းမာပင်မြို့တွင်လည်း ထွေအုပ်ရုံးနှင့် စစ်တပ်လှည့်ကင်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ကင်းပုန်းနှင့် ဝန်ကြီးများ အိမ်ရာကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် လောင်းလုံး-ထားဝယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတားအနီးရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းနှင့် တနင်္သာရီတိုင်း လွှတ်တော်အနီးရှိ ဝန်ကြီးများအိမ်ရာကို ၈၁ လက်နက်ကြီး လက်နက်ကြီးများဖြင့် ၉ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့​ပြီး ထိခိုက် သေဆုံးမှု အရေအတွက်ကို စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

” ထိခိုက်သေဆုံးမှု စာရင်းတော့ မသိရသေးဘူး စုံစမ်းနေတုန်းပါပဲ” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် လောင်းလုံးမြို့နယ်အတွင်း ရောရှိနေသာ အကြမ်းဖက် စစ်သား အင်အား ၁၀၀ ကျော်သည် မေလ ၂၄ ရက်နေ့က သဲပုံရွာ (အင်းဝတောင်) ပေါ်သို့ ရောက်ရှိလာပြီး စခန်းသစ်တည်ဆောက်လျက်ရှိကြောင်း၊ စခန်းသစ် တည်ဆောက် နေစဥ်အတွင်း စစ်သားများက တောင်ပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တောင်အောက်သို့ ပစ်ချကာ စခန်း တည်နေရာသို့ လာရာ လမ်းအနီးတစ်ဝိုက်တွင်လည်း ကင်းပုန်းများဝတ်၍ စစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် ပြည်သူများ ခရီးလမ်းသွားလာခြင်းကို သတိပြုရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြို့ပေါ် ထွေအုပ်ရုံးနှင့် မြို့နယ်အတွင်း လှည့်လည်ရန် ထွက်လာသော အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ယနေ့ ဇွန်လ ၁ ရက် နံနက် ၄ နာရီခန့်မှ ၅ နာရီခန့်အထိ ယင်းမာပင်မြို့ပေါ်၌ အကြမ်းဖက်စစ်သားများ အထိုင်ချတပ်စွဲထားသော ထွေအုပ်ရုံးကို ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သားများဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိ ခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Hero Fighter (Salingyi) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Hero Fighter (Salingyi) တိုက်ခိုက်ရေး အထူးတပ်ဖွဲ့၊ Chindwin Dynamite (Salingyi)၊ Fighter 9 Force ၊ မျိုးဆက်သစ်လူငယ်တပ်ဖွဲ့ ၊ တောင်ပံနီအထူးပျောက်ကြားတပ်ဖွဲ့နှင့် အခြားသော ညီနောင် မဟာမိတ်အဖွဲ့များ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့နံနက်ပိုင်းက ယင်းမာပင်မြို့အနီးရှိ လေးရွာအရှေ့တောင်ဘက်သို့ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို နာရီဝက်ခန့်ကြာသည်အထိ တိုက်ခိုက် ခဲ့ကြေင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ယင်းမာပင်မြို့နယ်ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၁ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အ ခြားသော မဟာမိတ်တပ်ဖွဲ့တို့ပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ် ထိ ခိုက်မှုရှိကာ ယင်းမာပင်မြို့အတွင်း သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

ယင်းမာပင်မြို့အတွင်းရှိအကြမ်းဖက်စစ်သားများသည် မြို့အနီးအနားရှိကျေးရွာများကို လက်နက်ကြီး များဖြင့်ပစ်ခတ်ခြင်း၊ ရွာထောင်ရွာနှင့် လေးရွာကို ဝင်ရောက်စီးနင်းခြင်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ယင်းမာပင်မြို့နယ်မှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article