36 C
Yangon

ဖယ်ခုံမြို့နယ်တွင် ၁၁ ရက်အကြာ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၁၉ ဦးသေ ဆုံး ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ

Must read

ဖယ်ခုံမြို့နယ်တွင် ၁၁ ရက်အကြာ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၁၉ ဦးသေ ဆုံး ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇွန် ၁

ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့နယ်တွင် မေလ ၂၀ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ၁၁ ရက်အကြာ ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း အလယ်ပိုင်းတိုင်း ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက ပြော သည်။

မေလ ၂၀ ရက်နေ့ ၊ ဖယ်ခုံမြို့နယ်၊ခေါင်အိကျေးရွာ နှင့်လတူးရွာကြားတွင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၂ နာရီအထိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဖယ်ခုံဖက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်တို့ မိနစ် ၃၀ အကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းထိတွေ့မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အထိအခိုက်များစွာ ရရှိခဲ့ကြောင်း သိရှိရသည်။

မေလ ၂၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်၏ ကင်းထောက်ဒရုန်းတစ်စင်း၊ ကျည်အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ မေလ ၂၂ ရက်နေ့တွင် ဖယ်ခုံမြို့နယ်၊ လွယ်လုံရွာဖက်တွင် စစ်ကောင်စီတပ်နှင့် အလယ်ပိုင်းတိုင်း DMO-PDF(1102)၊မဟာမိတ်တပ်များအကြား နံနက် ၁၀ နာရီ မှ နံနက် ၁၁ နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၂ ဦးကျော် သေဆုံးကြောင်း သိရှိရသည်။

မေလ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ဖယ်ခုံ၊ စက်တော်ရွာနှင့်ခေါင်အိရွာကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီခွဲကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်​ရေးတပ်ဖက်မှ (၂)ဦး ထိခိုက်ဒဏ်ရာရရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးမှု၊ထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့ကြောင်း သိရှိရသည်။

မေလ ၃၀ ရက်နေ့တွင် ဖယ်ခုံ၊စက်တော်ရွာတွင် ညနေ ၄ နာရီ ၃၀ မိနစ်မှ ည ၆ နာရီ ၃၀ မိနစ်အချိန်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးပြီး မဟာမိတ်ဖက်မှ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

မေလ ၃၁ ရက်နေ့တွင် ဖယ်ခုံ၊စက်တော်ရွာ၌ နံနက် ၅ နာရီ ၂၇ မိနစ် မှစပြီး ညနေ ၂ နာရီ ၂၈ မိနစ်အချိန် အထိ ၉ နာရီကြာအောင် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၅ ဦးနှင့်အထက် ကျဆုံးပြီး တော်လှန်ရေးတပ်ဘက်မှ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့်လည်း (၂)ကြိမ်နှင့်အထက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article