30 C
Yangon

PDF တပ်များ၏ လက်နက်များကို ဖမ်းဆီးသော ပခုက္ကူအင်ပင်စစ်ဆေးရေးဂိတ်နှင့် စစ်တပ်စခန်းများကို ဒရုန်းများဖြင့် ဗုံး အလုံး ၂၀ ကျော်ကျဲချ

Must read

PDF တပ်များ၏ လက်နက်များကို ဖမ်းဆီးသော ပခုက္ကူအင်ပင်စစ်ဆေးရေးဂိတ်နှင့် စစ်တပ်စခန်းများကို ဒရုန်းများဖြင့် ဗုံး အလုံး ၂၀ ကျော်ကျဲချ

ရန်ကုန်၊ ဇွန် ၂

မကွေးတိုင်း၊ ပခုက္ကူအင်ပင်စစ်ဆေးရေးဂိတ်နှင့် စစ်တပ်စခန်းများကို ဒရုန်းများဖြင့် ယမန်နေ့ ဇွန်လ ၁ ရက်နေ့ ဗုံး အလုံး ၂၀ ကျော် ကျဲချခဲ့ကြောင်း Anyar Eaglesမှ တာန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မကွေးတိုင်း၊ပခုက္ကူ-မြိုင်ကားလမ်းမကြီးပေါ်ရှိ အင်ပင်စစ်ဆေးရေးဂိတ် ဇွန်လ ၁ ရက်နေ့တွင် PDF ပူးပေါင်းအဖွဲ့များက ဒရုန်းများဖြင့် ဗုံးများ သွားရောက်ကျဲချခြင်းဖြစ်ကြောင်း၊ PDF တပ်များ၏ လက်နက်နှင့် ခဲယမ်းများကို ဖမ်းဆီးသည့်ဂိတ်ဖြစ်၍ လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ပစ္စည်းတွေဖမ်းတဲ့ အင်ပင်ကခွေးတပ်ကို ဗုံးသီးမိုး ရွာပစ်လိုက်တယ်။ ဒရုန်းအစီးရေ တစ်ဒါဇင်လောက်ရှိမယ်ထင်တယ်။ ကျနော်တို့ချည်းပဲ ငါးခေါက် … ၁၄ လုံးကျဲတယ်။ ရန်သူ့စခန်းတည်နေရာတွေကိုလည်း ဗုံးမိုးတွေ ကျဲတယ်” ဟု Anyar Eaglesမှ တာန်ရှိသူက ဆိုသည်။

Anyar Eagles နှင့် Earthquake PDF တို့၏ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဒရုန်းများ အသုံးပြုကာ 1 KG ၊ 2 KG ဗုံးသီး အလုံး 20 ကျော်ဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်ရေးကို နံနက် ၁၁ နာရီ ၄၅ မိနစ်မှ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အထိ ၃ နာရီ ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

စစ်ဆင်ရေးအား ပူးပေါင်းပါဝင်ခဲ့ကြသော အဖွဲ့များမှာ RDF(Royal Defense Force)၊ Black Cheetah၊ Hero New GZ၊ PPDF(ပခုက္ကူ People defense force)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၃)MOD၊ MFDF(Myaing Fighter Defense Force၊ MSPDF (Myaung Special People Defense Force)၊ ကျားသစ်နက်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article