28 C
Yangon

ကလေးမြို့နယ်၊ ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

Must read

ကလေးမြို့နယ်၊ ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က ရဟတ် ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း CNO Upper Chindwin Refion- UCR ထံမှ သိရသည်။

ယနေ့ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ကလေးမြို့နယ်၊ လက်ချောင်း-ရာဇဂြိုလ်လမ်းပေါ်ရှိ ရှုခင်း သာကျေးရွာနှင့် စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ် ၁ စီးဖြင့် လာရောက်ပြီး ၅ မိနစ်ခန့် တရပ်စပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါရှုခင်းသာကျေးရွာ စာသင်ကျောင်းတွင် ကျေးရွာ လူကြီးများ အစည်းအဝေး ကျင်းပနေစဉ် ပစ် ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး လူနေအိမ်ထိခိုက်မီးလောင်ပျက်စီးမှုကို အတိအကျမသိရသေးကြောင်း CNO Upper Chindwin Refion- UCR က ထုတ်ပြန်ထားသည်။

ထို့ပြင် မွန်းလွဲ ၁၁ နာရီ ၃၇ မိနစ်တွင် ကလေးမြို့တွင်းမှ အမြောက်တပ်မှ လက်နက်ကြီးဖြင့် တစ်ကြိမ် ပစ်ခတ်ခဲ့ပြီး ကလေးမြို့မြောက်ပိုင်းရှိ မိဘပြည်သူများအနေဖြင့် ဂရုတစိုက်နေထိုင်ကြ စေလိုကြောင်း နေပြည်သူများက လူမှုကွန်ယက်မှ တဆင့် သတိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article