26 C
Yangon

ကျိုက်ထိုမြို့နယ်၊ ကော့ထင်းရွာရှိ တံတား ၁ စင်းကို စစ်တပ်က ဖျက်ဆီး

Must read

ကျိုက်ထိုမြို့နယ်၊ ကော့ထင်းရွာရှိ တံတား ၁ စင်းကို စစ်တပ်က ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းရွာရှိ တံတား ၁ စင်းကို အကြမ်းကို စစ်တပ်က ဘက်ဟိုးဖြင့် လာရောက် ဖျက်ဆီးသွားကြောင်း Kyaikhto Information Organization မှ ထံမှ သိရသည်။

ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာထိပ်ရှိ တံတားတစ်စင်းကို ဘက်ဟိုးများဖြင့် လာရောက် ဖျက်ဆီး သွားကြောင်း၊ လာရောက် ဖျက်ဆီးသော အကြမ်းဖက် စစ်သားများသည် အရပ်ဝတ်များဖြင့် ကော့ထင်းကျေးရွာ ရွာထိပ်ကို ရောက်ရှိလာပြီး ကော့ထင်းကျေးရွာနှင့် ကံနီဘက်သို့ ဆက်သွယ်ထားသော ရွာထိပ်ရှိ တံတားကို ဘက်ဟိုးဖြင့် ဖျက်ဆီးခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားကို မည်သည့် ရည်ရွယ်ချက်ကြောင့် ဖျက်ဆီးသည်ကို မသိရှိသေး​ဘဲ အကြမ်းဖက် စစ်တပ်သည် ကျိုက်ထိုမြို့နယ်တွင် လမ်းနှင့်တံတား စုစုပေါင်း ၆ ခုကို ဖျက်ဆီးထားကြောင်း Kyaikhto Information Organization ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article