25 C
Yangon

ဟုမ္မလင်းနှင့် ဖောင်းပြင် နယ်စပ်၌ ဖြစ်ပွားခဲ့သော ၃ ရက်တာ တိုက်ပွဲ အတွင်း စစ်သား ၂၀ ထက်မနည်း သေဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ဟုမ္မလင်းနှင့် ဖောင်းပြင် နယ်စပ်၌ ဖြစ်ပွားခဲ့သော ၃ ရက်တာ တိုက်ပွဲ အတွင်း စစ်သား ၂၀ ထက်မနည်း သေဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၅

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ် အစပ်၌ ဖြစ်ပွားခဲ့သော ၃ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ အတွင်း စစ်သား ၂၀ ထက်မနည်း သေဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဟုမ္မလင်း HPDF 124 တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ဖောင်းပြင်မြို့နယ်၊ စန္ဒားအုပ်စု၊ စက်တောကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် ပူးပေါင်းတပ်ဖွဲ့ကို တော်လှန်ရေး တပ်ဖွဲ့များက ခုခံ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အင်အား ၂၀၀ ကျော်ရှိ အကြမ်းဖက် စစ်တပ် ခလရ ၂၇၂၊ ခလရ ၂၂၂၊ ခမရ ၃၇၀ နှင့် ရှမ်းနီအမျိုးသားများတပ်မတော် တပ်မဟာ ၈၉၁၊ တပ်မဟာ ၇၅၃ ၊ ပျူးစောထီး၊ ကသည်းတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်း သည် ဖောင်းပြင်မြို့နယ်၊ စန္ဒားအုပ်စု၊ စက်တောကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂၀ ထက်မနည်း သေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းမျိုးစုံကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“မော်လိုက် ဘက်က ဆင်းလာတဲ့ စစ်ကြောင်းရယ်၊ ဟုမ္မလင်းအေးပြည်အေးကနေလာစစ်သားတွေရယ်၊ SNA ဆိုရင် ၇၅၃ တပ်ရင်းကဟာတွေများတယ်၊ အဲဒါတွေပေါင်းပြီး လာတာ၊ စစ်တော၊ နန်းဆက် အဲဒီ ဝန်းကျင်မှာ တိုက်ပွဲဖြစ်ခဲ့တာ၊ သူတို့ဘက်က အကျဆုံးများတာရယ်၊ အဲဒီဒေသပါသွားမှာ စိုးရိမ်တာ ရယ်ကြောင့် ရဟတ်ယာဉ်နဲ့လာပစ်တာ၊ ၃ ရက်တာ တိုက်ပွဲအတွင်းမှာက ၂၀ အထက်သေတယ်၊ ၆၀ မမ အပါအဝင်လက်နက်ကြီးငယ်မျိုးစုံ သိမ်းဆည်းရရှိတာရှိတယ်၊ ကျနော်တို့ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ တယ်” ဟု ဟုမ္မလင်း HPDF 124 တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၃ ရက် ညနေ ၃ နာရီ မိနစ် ၄၀ အချိန်တွင် အကြမ်းဖက်စစ်တပ်မှ Mi 17 ရဟတ်ယာဉ်တစ်စီး၊ Mi 35 ရဟတ်ယာဉ်တစ်စီးဖြင့် ပစ်ကူပေးဗုံးကျဲတိုက်ခို်ကခဲ့ကြောင်း၊ ဇွန်လ ၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဟုမ္မလင်းမြို့နယ်၊ ကျွန်းကုန်းကျေးရွာမှ တဆင့် ချင်းတွင်းမြစ်တဖက်ကမ်းရှိ စက်တောကျေးရွာဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဖောင်းပြင်-ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း နှင့် ဖောင်းပြင် (ပ.က.ဖ) များမှ ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ ရက်တာ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article