26 C
Yangon

ကောလင်းမြို့နယ်၊ ဥမင်ကုန်း တိုက်ပွဲတွင် စစ်သား ၁၅ ဦး​သေဆုံးပြီးနောက် စစ်တပ်က ချောင်းကွေ့ရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ကောလင်းမြို့နယ်၊ ဥမင်ကုန်း တိုက်ပွဲတွင် စစ်သား ၁၅ ဦး​သေဆုံးပြီးနောက် စစ်တပ်က ချောင်းကွေ့ရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၆

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဥမင်ကုန်း တိုက်ပွဲတွင် စစ်သား ၁၅ ဦး​သေ ဆုံးပြီးနောက် စစ်တပ်က ချောင်းကွေ့ရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး အဖွဲ့များ ဥမင်ကုန်းနှင့် တောင်ပလူ အကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိနာကာ ဥမင်ကုန်းရွာထဲသို့ ဝင်ပြေးကြောင်း၊ တော်လှန်ရေအဖွဲ့များက ရွာထဲ ဝင်ပြေးသည့် စစ်သားများကို ဝိုင်းထားခဲ့ကြောင်း၊ ပိတ်မိနေသည့် စစ်တပ်စစ်ကြောင်းကို ကူညီရန် ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ဥမင်ကုန်းနှင့် ချောင်းကွေ့ရွာသည် တစ်မိုင်ခန့်သာ ဝေးပြီး တည်နေရာမှားကာ လာရောက် ပစ်ခတ်ကြောင်း၊ ဇွန်လ ၄ ရက်နေ့ ည ၈ နာရီအချိန် ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ချောင်းကွေ့ရွာကို ဗုံးကျဲ တိုက်ခိုက်ရာပြည်သူပိုင် နေအိမ် ၂ လုံး ပျက်စီးသွားကြောင်း သိရသည်။

” ဥမင်ကုန်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၅ ဦးထက် မနည်းသေတယ် ။ ပြန်ထမ်းသွားတာလို့ ယူဆနေကြတယ်။ ပိတ်မိနေတဲ့ကောင်တွေ လွှတ်အောင် ဝန်းသို စစ်တပ်က ဟောင်းဝစ်ဇာနဲ့ ထုတာ ၁၅ ချက်။ ဇွန် ၄ ရက်နေ့ ညကပဲ ပိတ်မိနေတဲ ကောင်တွေက ခိုးပြန်သွားတာ။ ဇွန် ၅ ရက်နေ့ မနက်ပိုင်း ၄ နာရီခန့် ကိုးထောင်ဘို့ ဝင်ကြတယ်” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ကိုးထောင်ဘို့မှ ခမရ ၃၆၃ မှ အင်အား ၅၃ ဦးခန့်စစ်ကြောင်းနှင့် ကောလင်းမှ စထွက်လာသည့် ခမရ ၃၆၉ မှ အင်အား ၇၀ ခန့်ပါ စစ်ကြောင်းသည် ဇွန်လ ၄ ရက်နေ့တွင် စစ်ကြောင်း ၂ ကြောင်းပေါင်း၍ အုန်းပင်ကုန်းရွာဘက်မှ ပြန်လည်ဆုတ်သွားကြောင်း သိရှိရသည်။

ယင်းနောက် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏ စစ်ကြောင်း ၂ ကြောင်းပေါင်း ၁၀၀ ကျော်တွင် ၈၀ ဝန်းကျင်သာ ကျန်တော့ကြောင်း၊ တိုက်ပွဲအပြီးတွင် စစ်တပ်၏ ကျည်ဆန်နှင့် လက်ပစ်ဗုံးအချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်သား ၁ ဦး၏ အလောင်းကိုလည်း တွေ့ရှိခဲ့ရကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

“ပြည်သူတွေ ထိခိုက်မှု မရှိပါဘူး။ အကုန်ရှောင်တိမ်းနေတာ တိုက်ပွဲဖြစ်တာက အနောက်ဘက်တစ်မိုင်ခန့်အကွာ ဥမင်ကုန်း- တောင်ပလူ အကြားမှာ အထိနာလို့ လာကျဲသွားတာ။ ဥမင်ကုန်းရွာနဲ့ ချောင်းကွေ့က တစ်မိုင်လောက်ကွာတယ်။ ဥမင်ကုန်းရွာမှာ စစ်ခွေးတွေ ဝိုင်းခံထိခဲ့တာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article