28 C
Yangon

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ ယနေ့ တိုက်ပွဲအတွင်း စစ် တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ ယနေ့ တိုက်ပွဲအတွင်း စစ် တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇွန် ၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့တွင် ယနေ့ နံနက်ပိုင်း ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ရိုးမ” BPDF-Yoma က တရားဝင် သတင်းထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီအချိန် နတ်သံကွင်းနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုတွင် ရဲ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာဖြင့် ဆေးရုံရောက်ရှိကြောင်း၊ စစ်တောင်းမြစ်ကူးတံတား မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်သား ၅ ဦးသေဆုံး‌ပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း၊ တံခွန်တိုင်ထိပ် တိုက်ပွဲတွင် စစ်သား ၃ ဦးမက သေဆုံးကာ ဒဏ်ရာ ရရှိသူ စစ်သားများကို စစ်တောင်းအရှေ့ဘက်ကမ်းသို့ လူနာတင်ယာဉ်များသာမက အခြား ရိုးရိုးကားများဖြင့်ပါ သယ်ဆောင်နေရကြောင်း၊ ဆေးရုံရောက်ရှိချိန်တွင်လည်း သေဆုံးသူများပြားကြောင်း သိရှိရသည်။

ထို့ပြင် နတ်သံကွင်းတောင်ဘက် ရသေ့ကုန်းတိုက်ပွဲတွင်လည်း စစ်သားများ သေဆုံးမှု များပြားနေကြောင်း ဒေသပြည်သူများက ပြောဆိုကြပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- တံခွန်တိုင်ထိပ် တိုက်ပွဲတွင် တပ်မ ၇၇ စစ်ကြောင်းထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article