28 C
Yangon

တနင်္သာရီတွင် ဘုန်ကြီးကျောင်း၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ မလှိုင်တွင် စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၈ ဦးသေဆုံး

Must read

တနင်္သာရီတွင် ဘုန်ကြီးကျောင်း၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ မလှိုင်တွင် စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၈ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၆

တနင်္သာရီမြို့နယ်၊ ချောင်းညီကိုရွာ ဘုန်ကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ချောင်းညီကိုရွာ ဘုန်ကြီးကျောင်း၌ တပ်စွဲထားသော အင်အား ၃၀ ကျော်ရှိ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

” မွန်းလွဲ ၂ နာရီလောက်က စပြီး အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာ နှစ်ဖက် အပြန်လှန် ထိတွေ့မှု ၁ နာရီ အကြာ ဖြစ်ပွားခဲ့တယ်။ ထိတွေ့ တိုက်ပွဲအတွင်း စစ်သား ၁၀ ဦးကျော် သေဆုံးတယ် ဆေးဝါးများနဲ့ လက်နက်ခဲယမ်းတွေ လိုအပ်နေလို့ အလှူရှင်တွေ အနေနဲ့ လှူဒါန်းပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ခွပ်ဒေါင်း တမန် အထူးစစ်ကြောင်း၊ KTLA-TCJF၊ တနင်္သာရီ ရိုးမ အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မလှိုင်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ၃ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF တပ်မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၅ ရက် နေလည် ၁ နာရီခန့်က မလှိုင်မြိုနယ်၊ သရက်ကောင်းပင်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသောအကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံးကျဲချခဲ့ရာ အကြမ်းဖက်စစ်သားများ ထမင်းစားနေသည့် အဆောက်ကို ထိုးဖောက်ဝင်သွားပြီး အကြမ်းဖက်စစ်သား ၅ ဦးပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း သိရသည်။

“အဲဒီစစ်ခွေးတွေက ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တာတွေ၊ ရပ်ရွာအပေါ်မှာ ဗိုလ်ကျတာတွေ၊ ရွာရဲ့ ဥက္ကဌတို့ဘာတို့ကလည်း လက်နက်ကိုင် စစ်အုပ်စုနဲ့ပေါင်း ဆတ်ကြေးကောက်တာတွေ၊ နွားဈေးနေ့ တွေ ဆိုရင်လဲ နွားကားတွေကိုတားပြီး ပိုက်ဆံတောင်းတာတွေ၊ တခြားရွာတွေကိုလည်း သွားဖမ်းပြီး လွှတ်ပေးမယ် သိန်းတစ်ရာပေး၊ နှစ်ရာပေးဆိုပြီး အဲလိုငွေညှစ်တာတွေရှိတယ်၊ အဲဒါတွေလုပ်နေတာ ကြာပြီ၊ အဲဒါကြောင့် သရက်ကောင်းပင်ကို တိုက်ခိုက်တာ ၃ ကြိမ်ရှိပြီ၊ ဆူးရစ်ကုန်းကိုတိုက်ခိုက်တာက ပထမအကြိမ်ပေါ့” ဟု မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF တပ်မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ မလှိုင်မြို့နယ်၊ နွားထိုးကြီး-မလှိုင်လမ်းမပေါ် ဆူးရစ်ကုန်းကျေးရွာတောင်ဘက်၌ စစ်ဆေး ရေးဂိတ်ပြုလုပ်ပြီး ခရီးသွားပြည်သူများကို မတရားပိုက်ဆံတောင်းနေသော အကြမ်းဖက်စစ်သား ဒရုန်း ဖြင့် ၂ ကြိမ်ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် – ၄တပ်ရင်းနှင့် Myingyan District Drone Strike Team အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article