24 C
Yangon

ကော့ကရိတ်၊ ရွာတန်းရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

Must read

ကော့ကရိတ်၊ ရွာတန်းရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၄ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ဒဏ်ရာရရှိခဲ့ကြောင်း KNU-ဗဟို က ထုတ်ပြန်ထားသည်။

ဇွန်လ ၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဒူးပလာယာခရိုင် တပ်မဟာ ၆ ၊ ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည် ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ စကခ−၁၂ လက်အောက်ခံ လှိုင်ဝအမြောက်တပ်မှ ၁၂၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်ထိမှန်ပြီး ရွာတန်းရှည်ကျေးရွာမှ အသက် ၁၂ နှစ်အရွယ် စောကျော်သန်းအောင် ကျည်ထိမှန်သေဆုံးခဲ့ပြီး အသက် ၄ နှစ်အရွယ် နန်းရေဝတီနှင့် အသက် ၄၃ နှစ်အရွယ် ဒေါ်တပိတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပြည်သူလူထုမှာ နေ့စဥ်နှင့်အမျှ အသက်ဆုံးရှုံး နေကြရပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းပေါင်းများစွာလည်း ပျက်စီးဆုံးရှုံးနေရကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article