ဆားလင်းကြီးတွင် စစ်ဘေးရှောင် ပြည်သူများကိုစားသောက်ကုန်နှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများလှူဒါန်း
ရန်ကုန်၊ ဇွန် ၇
ဆားလင်းကြီးမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများကို အညာ ပစ်တိုင်းထောင်လေးများ အဖွဲ့က ယနေ့ ဇွန်လ ၇ ရက်နေ့၌ စားသောက်ကုန်နှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့က တစ်အိမ်ထောင်လျှင်ဆန် ၂ ပြည်၊ ဆီ ၅၀ သား၊ ငါးသေတ္တာ ၁ ဘူး၊ ဆား၁ထုပ်၊ သွားတိုက်ဆေး ၁ ဘူး၊ သွားတိုက်တံ ၁ ချောင်း၊ ဆပ်ပြာ ၁ ခဲ၊ ရေပုံး ၁ ပုံးနှုန်း ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ အညာပစ်တိုင်းထောင်လေးများအနေနဲ့မီးလောင်ပြင်က ပြည်သူတွေအတွက်အတတ်နိုင်ဆုံးကူညီထောက်ပံပေးနေပါတယ်။ မိုးရာသီလည် ရောက်ပြီ မို့မီးလောင်ပြင်ကပြည်သူတွေမှာ လိုအပ်ချက်များစွာရှိနေပါတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောဆိုသည်။