30 C
Yangon

ရွှေဘို၊ တည်သီးတောရွာရှိ ပျူစောထီး စခန်းကို ဝင်ရောက် တိုက်ခိုက်ပြီး စစ်ကူလာသော စစ်ကားကိုပါ မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံး

Must read

ရွှေဘို၊ တည်သီးတောရွာရှိ ပျူစောထီး စခန်းကို ဝင်ရောက် တိုက်ခိုက်ပြီး စစ်ကူလာသော စစ်ကားကိုပါ မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ တည်သီးတောရွာရှိ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ပြီး စစ်ကူလာသော စစ်ကားကိုပါ မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်ရေ တည်သီးတောကျေးရွာ ပျူ‌စခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက်စီးနင်း တိုက် ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီကြာမြင့်ခဲ့ပြီး ပျူစောထီး ၁၄ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် ဇီးဖြူကုန်းရွာမှ စစ်သားများ လိုက်ပါလာသော စစ်ကူကားကိုလည်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” တည်သီးတော ပျူစခန်းကိုတော့ ရွာကို စီးနိုင်ခဲ့ပြီး ဆေးရုံ သုံးထပ်ဆောင်ပေါ်က ခွေး ၆ ကောင်က အပေါ်စီးကနေပစ်နေပြီး RPG 7 မပါတာကြောင့် မဖြိုနိုင်ခဲ့ဘဲ လက်နက်တွေ မရရှိခဲ့တာပါ။ တည်သီးတောနဲ့ ကပ်ရပ် မင်းဘေးရွာက ပျူပေါက်စတွေဆီကတော့ လက်လုပ်သေနတ် ၆ လက် သိမ်းဆည်းရမိခဲ့ပါတယ်။ ခုလို စခန်းသိမ်းတစ်ပွဲ ပြုလုပ်ပြီးရင် နောက်တစ်ပွဲ ပြုလုပ်ဖို့ ကျည်ပြန်ဖြည့်ဖို့ရာကို အတော်အားယူပြီး အချိန်ယူရတာကြောင့် ကျနော်တို့အဖွဲ့ကို နောက်ထပ် Mission ကောင်းတွေ စခန်းသိမ်းတွေပြုလုပ်နိုင်ဖို့ ပြည်တွင်း/ပြည်ပမှ မိဘပြည်သူများကို နိုင်သလောက် ကူပေးကြပါအုံးလို့ဘဲ မေတ္တရပ်ခံချင်ပါတယ်။ RPG 7 ၁ လက်လည်း အထူးလိုအပ်နေပါတယ်” ဟု ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့နှင့်အတူ ရွှေဘိုခရိုင် တပ်ရင်း ၄ ၊ ခွဲ-၂/ခွဲ-၃၊ ဗိုလ်ဂျပန်ကြီး (😭.T) – SHWEBO LPDF၊Golden Eagle – ZBG (LPDF)၊ DOG KILLER SHWEBO-LPDF၊BO BA TAW -SHWEBO (LPDF)၊ ဗိုလ်မိကျောင်းအဖွဲ့၊ ကျားပျံအဖွဲ့၊ မဟူရာ ရွှေဘိုသား အဖွဲ့၊ ဒေါင်းမာန် အဖွဲ့၊ ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောင်သူကြီးများအဖွဲ့- LDF၊ရွှေဘိုမြို့နယ် တိုက်နယ်-၂ စသည့် မဟာမိတ်ညီနောင်များက ပူးပေါင်း တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article