34 C
Yangon

ကောလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော ၃ ရက်တာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

ကောလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော ၃ ရက်တာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ၃ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း Kawlin People Defense Force-KLPDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေး တပ်မတော် ကောလင်းခရိုင် တပ်ရင်း ၁ နှင့် အကြမ်းဖက်စစ်ကောင်စီ ခမရ ၃၆၃ ၊ ခမရ ၃၆၉ တို့ ကြား တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ၂ ဦး သေဆုံးကာ ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိထားကြောင်း၊ အသေးစိတ်သိရှိနိုင်ရန် ထပ်မံစုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article