33 C
Yangon

စစ်တပ်က ဆားလင်းကြီး ပအဖ အဖွဲ့ဝင် ကိုမြတ်သူလင်း (ခေါ်) ကိုဗန်ဂျီကို ဖမ်းဆီးပြီးနောက် ညှင်းပန်း နှိပ်စက် သတ်ဖြတ် အလောင်း စွန့်ပစ်၊ အလောင်း ပတ်ဝန်းကျင်တွင် မိုင်းများ ထောင်ထား၍ အလောင်းသယ်သည့် ရဲဘော်တစ်ဦး မိုင်းထိမှန်

Must read

စစ်တပ်က ဆားလင်းကြီး ပအဖ အဖွဲ့ဝင် ကိုမြတ်သူလင်း (ခေါ်) ကိုဗန်ဂျီကို ဖမ်းဆီးပြီးနောက် ညှင်းပန်း နှိပ်စက် သတ်ဖြတ် အလောင်း စွန့်ပစ်၊ အလောင်း ပတ်ဝန်းကျင်တွင် မိုင်းများ ထောင်ထား၍ အလောင်းသယ်သည့် ရဲဘော်တစ်ဦး မိုင်းထိမှန်

ရန်ကုန်၊ ဇွန်၁၁

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးဈေးနှင့် ညောင်ပင်ကြီး EPC ရုံးအနီးတွင် စစ်တပ်၏ ဖမ်းဆီးမှု ခံလိုက်ရသည့် ကိုမြတ်သူလင်း(ခေါ်) ကိုဗန်ဂျီကို စစ်ကောင်စီက ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လိုက်ပြီး အလောင်းကို စွန့်ပစ်သွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မေလ၃၁ရက်နေ့ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် ကိုမြတ်သူလင်း(ခေါ်)ကိုဗန်ဂျီကို စစ်ကြောရေးတွင် စစ်တပ်က ညှဉ်းပန်းနှိပ်စက်သတ် ဖြတ်လိုက်ပြီး ရုပ်အလောင်းကို ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် ရှာဖွေတွေ့ရှိရကြောင်း သိရှိရသည်။

“အလောင်းက ဒီနေ့မနက်ခင်းမှ ညောင်ပင်ကြီးသစ်ကွင်းအနီးမှာ တွေ့ရတာ။ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ထားခဲ့ကြတာ။ စစ်ကောင်စီ ကတော့ ရွာထဲက မထွက်သေးဘူး။ ဒါပေမယ့် အလောင်းကို ရွာထဲ ခိုးဝင်ပြီး သယ်ထုတ်ခဲ့ရတာ။ အလောင်းပတ် ပတ်လည်မှာလည်း နင်းမိုင်းတွေ စစ်ကောင်စီကထောင်ထားခဲ့ကြတယ်။ အဲဒီလိုထောင်ထားလို့ ရဲဘော်တစ်ဦး မိုင်းမိပြီးခြေထောက် ပြတ်ထွက်ဒဏ်ရာရရှိထားတယ်။ ကိုဗန်ဂျီအလောင်းကတော့ မြင်ရက်စရာကို မရှိတာပါ။ ခန္ဓာကိုယ်တစ်ခုလုံး ညိုမဲစွဲနေတာပဲ။ စစ်တပ်က သတ်တာက လက်ကို နောက်ပြန်ကြိုးတုပ်တယ်၊ လက်ထိပ်ခတ်တယ်။ နောက်ပြီး ရင်အုံကို တစ်ချက်၊ဗိုက်ကိုတစ်ချက် ဓါးနဲ့ထိုးပြီး သတ်ထားခဲ့ကြတာ”ဟု ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ညောင်ပင်ကြီးရဲစခန်းကို ပြည်သူကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဇွန်လ၉ ရက်နေ့ ညနေပိုင်းမှ ဇွန်လ ၁၁ ရက်နေ့အထိ ညောင်ပင်ကြီး၊ ထန်းတော၊ ရွာရှည်ရွာအတွင်းထွက်ခွာခြင်းမရှိဘဲ ပြည်သူပိုင် နေအိမ်များကို မီးရှို့နေဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article