28 C
Yangon

ကရင်နီပြည်နယ်တွင် ပြန့်ကျဲနေသော အုပ်ချုပ်ရေးနှင့် လက်နက်ကိုင်အဖွဲ့ အားလုံးစုစည်း၍ အစိုးရအဖြစ် ဖွဲ့စည်းမည်ဖြစ်ပြီး ခွဲထွက်ရန် မဟုတ်ဘဲ ဖက်ဒရယ် ပြည်ထောင်စု၏ အစိတ်အပိုင်း အဖြစ် ရပ်တည်မည်

Must read

ကရင်နီပြည်နယ်တွင် ပြန့်ကျဲနေသော အုပ်ချုပ်ရေးနှင့် လက်နက်ကိုင်အဖွဲ့ အားလုံးစုစည်း၍ အစိုးရအဖြစ် ဖွဲ့စည်းမည်ဖြစ်ပြီး ခွဲထွက်ရန် မဟုတ်ဘဲ ဖက်ဒရယ် ပြည်ထောင်စု၏ အစိတ်အပိုင်း အဖြစ် ရပ်တည်မည်

ရန်ကုန်၊ ဇွန် ၁၄

ကရင်နီပြည်တွင် ပြန့်ကျဲနေသာ အုပ်ချုပ်ရေးနှင့် လက်နက်ကိုင်အဖွဲ့အားလုံးစုစည်း၍ အစိုးရအဖြစ် ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းသို့ ဖွဲ့စည်းခြင်းသည် ခွဲထွက်ရန်မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင် စုကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်မည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများက ပြောဆိုလိုက်ကြသည်။

ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီအချိန်တွင် ပြုလုပ်သော ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်း၏ ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲတွင် အုပ်ချုပ်ရေးကောင်စီတာဝန်ရှိသူတို့က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ ကျနော်တို့ ဒီဖက်ဒရယ်ပြည်ထောင်စု အစိတ် အပိုင်း တစ်ခုအနေနဲ့ ပါဝင်ပြီးတော့မှ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားဖို့ ဆိုပြီး နဂိုကတည်းကမှ အဲလိုလုပ်ထားတာဖြစ်ပါတယ်၊ ဆိုတော့ ကျနော်တို့က အဲဒီနေအထားမျိုးနဲ့ ပါဝင်သွားပြီးတော့မှ ဒီနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်အောင် တည်ဆောက်ဖို့ဆိုတဲ့ အခင်းအကျင်းမျိုးနဲ့သွားဖို့ ဖြစ်ပါတယ်” ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အထွေထွေအတွင်းရေးမှူး ခွန်းပလုရယ်က ပြောကြားသည်။

ကရင်နီပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အားလုံးကို စုစည်းကာ အစိုးရတစ်ရပ်အနေဖြင့် ရပ်တည် နိုင်ရန် ကြိုးစားနေကြောင်း၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ – KSC ပေါ်လစီ အတိုင်းသွား နေပြီး နည်းဥပဒေသများကို KSC က ချမှတ်ထားခြင်းဖြစ်ကြောင်း၊ NUCC ၏ လမ်းကြောင်းဖြင့် သွေဖီမှုမရှိသလို လက်ရှိ IEC ဖွဲ့စည်းမှုကလည်း NUG အစိုးရနှင့် ချိတ်ဆက်မှုရှိလာမည်ဖြစ်ကြောင်း၊ ဖက်ဒရယ် ပဋိဉာဉ်မှ ကျော်လွန်ခဲ့သည့် အခြေအနေရှိခဲ့ပါကလည်း KSC က ထိန်းကျောင်းပေးသွားဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ယခင်တုန်းက EAOs အုပ်ချုပ်ရေးတွေရှိပါတယ်၊ ကလလတနဲ့ အခြားသော KNDP ၊ KNPP တို့ကဲ့သို့ သူတို့ရဲ့ထိန်းချုပ်နယ်သူတို့ရဲ့ တပ်စွဲရာနေရာ တွေမှာ သူတို့ရဲ့အုပ်ချုပ်ရေးတွေ တစ်စုံတစ်ရာရှိတဲ့ ဟာကတွေကအစ ထိန်းညှိဖို့လို၊ ဆောင်ရွက်သွားဖို့ရှိသလို အထူးသဖြင့် တော်လှန်ရေးအစိုးရနေနဲ့ ရပ်တည်ထားတဲ့အစိုးရတွေရှိပါတယ်၊ အဲဒီယန္တရားတွေနဲ့လည်း ပြန်ပေါင်းစပ်ပြီးမှ တစ်ခုတည်းသော ပေါင်းစပ်ညှိနှိုင်းထားတဲ့ ကြားကာလအစိုးရပုံစံမျိုး ဆက်လက်ပြီးမှချီတက်သွားဖို့ရှိပါတယ်၊” ဟု ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးအဖွဲ့ ဒုဥက္ကဌ ခွန်းဘီထူးကပြောကြားသည်။

ကရင်နီပြည်နယ်ကြားကာလအစိုးရအနေဖြင့် ပြန့်ကျဲနေသော အုပ်ချုပ်ရေး၊ ပြန့်ကျဲနေသော တော်လှန် ရေးအင်အားစုများကို စုစည်းကာ အင်အားပိုမိုတောင့်တင်းပြီး စစ်အာဏာရှင် တော်လှန်ရေးအောင်မြင်ရန်၊ စည်းလုံးညီ ညွတ်သော ကရင်နီပြည်နယ် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြန်လည် တည်ဆောက်ရန်နှင့် ဖက်ဒရယ်နည်း လမ်းများကို မြန်မြန်ဆန်ဆန်ပုံဖော်နိုင်ရန် ပေါင်းစပ်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီကို ဇွန်လ ၆ ရက်နေ့တွင် အဖွဲ့ဝင် ၆ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article