28 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇွန် ၁၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၄ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တောင်တန်းဒေသ၊ ကိုးတစ်ကျေးရွာအုပ်စု၊ မြွေဟောက်မြှောင်ဘုရားကုန်းရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ တွေက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

– ကရင်နီပြည်နယ်၊ မယ့်စဲ့မြို့မရဲစခန်း အပါအဝင် တပ်စခန်း ၄ ခုကို တပြိုင်နည်းတည်း တိုက်ခိုက်သိမ်း ပိုက်လိုက်ပြီး ၁၂၀ မမ လက်နက်ကြီး ၂ လက် အပါ အဝင် လက် နက်ကြီး/ငယ် ၄၂ လက်ကျော်သိမ်းဆည်း ရရှိခဲ့တယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို သတင်းနှင့်ပြန်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

-သြစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနယ်ကို ကြားကာလ ဗဟိုဘဏ် အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဇွန်လ ၁၃ရက် မှာ ထုတ်ပြန်ကြေညာလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article