27 C
Yangon

သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာမှ စစ်ဘေးရှောင် အဖိုးအို ၁ ဦး အမောဖောက် သေဆုံး

Must read

သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာမှ စစ်ဘေးရှောင် အဖိုးအို ၁ ဦး အမောဖောက် သေဆုံး

ရန်ကုန်၊ ဇွန် ၁၅

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာမှ စစ်ဘေးရှောင် အဖိုးအို ၁ ဦး အမောဖောက်ကာ သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဇွန်လ ၁၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာမှ အသက် ၈၀ ကျော်အရွယ် စစ်ဘေးရှောင် အဖိုးအို ဦးဖေသန်းသည် ရွာဘုန်းကြီးကျောင်း၌ စစ်ရှောင်နေချိန် ရုတ်တရက် အမောဖောက် သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော အဖိုးအိုသည် ဝဲရစ်ရွာထဲမှ ယမန်နေ့ ညပိုင်းက ဘုန်းကြီးကျောင်းကို ရောက်ရှိလာချိန် ရုတ်တရက်အမော ဖောက်ကာ သေဆုံးခဲ့ကြောင်း၊ ဦးဖေသန်း ရုပ်အလောင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ရွာသင်္ချိုင်း၌ မြေမြုပ်သဂြိုလ်လိုက်ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် ယမန်နေ့ ည ၆ နာရီခွဲ၌ ဝဲရစ်ရွာနှင့် အနီးဝန်းကျင်ရှိ မင်းဒပ်ရွာ၌ နှစ်ဖက် တိုက်ပွဲအပြင်းအထန်​ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ လက်နက်ကြီးအချက်ရေ ၅၀ ခန့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် သရက်ချောင်းမြို့နယ်အတွင်းရှိ မင်းဒပ်ရွာ၊ ဝင်းဝရွာ၊ သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ကတွဲရွာ၊ ကညင်ချောင်းရွာ၊ ရငဲရွာ၊ ကျွဲမင်းကုန်းရွာ၊ ကျောက်ခမောက်ရွာ၊ ကနက်သီရိရွာတို့မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article