37 C
Yangon

ညောင်ဦးမြို့နယ်တွင် ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ်စက်၍ ဗုံးဖြင့် ဖောက်ခွဲ သတ်ဖြတ်၊ မိုင်းထောင်ရင်း PDF ၂ ဦးသေဆုံးဟု စစ်တပ်က လိမ်လည် သတင်းထုတ်ပြန်

Must read

ညောင်ဦးမြို့နယ်တွင် ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ်စက်၍ ဗုံးဖြင့် ဖောက်ခွဲ သတ်ဖြတ်၊ မိုင်းထောင်ရင်း PDF ၂ ဦးသေဆုံးဟု စစ်တပ်က လိမ်လည် သတင်းထုတ်ပြန်

ရန်ကုန်၊ ဇွန် ၂၁

မန္တလေးတိုင်း ညောင်ဦးမြို့နယ်၊ စဉ့်ကူကျေးရွာ အရှေ့ဘက် အထွက်လမ်းတွင် ပြည်သူ နှစ်ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးနှိပ်စက်ကာ ဗုံးဖြင့် ဖောက်ခွဲသတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇွန်လ ၁၇ ရက်နေ့ ည ၈ နာရီအချိန် အပြင်သွားလာနေသော ညောင်ဦးဒေသခံ တောင်လက်ကျေးရွာနှင့် ရေတွင်းကြီးရွာတို့မှ ကိုကျော်မိုးနှင့် ကိုရဲမြင့်ဆွေတို့ ၂ ဦးကို စစ်တပ် က ဖမ်းဆီးလိုက်ကြောင်း၊ ယင်းနောက် ၂ ဦးစလုံးကို ဖမ်းဆီးနှိပ်စက်ပြီး ဗုံးဖြင့် ဖောက်ခွဲ သတ်ဖြတ် ကြောင်း၊ ထို့နောက် စစ်တပ် လော်ဘီ တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် PDF ၂ ဦး မိုင်းစမ်းရင်း၊ မိုင်းထောင်ရင်းဖြင့် သေဆုံးသည်ဟု သတင်းအမှား ထုတ်လွှင့်လာကြောင်း သိရှိရသည်။

“စနေနေ့ည ၈ နာရီလောက်က ဖြစ်တာပါ။ စဉ့်ကူရဲ့ အရှေ့ဘက်အထွက်လမ်းမှာ ဖြစ်တာ။ ကင်းပုန်းက ဖမ်းဆီးနှိပ်စက်ပြီးမှ ဗုံးနဲ့ ဖောက်သတ်လိုက်တာ။ တစ်လောင်းက လက်ကို ဓားနဲ့ဖြတ်ခံထားရတယ်။ ဖမ်းဆီးနှိပ်စက်ပြီးမှ ဗုံးနဲ့ ဖောက်သတ်လိုက်တာ။ ပြည်သူပါ PDF မိုင်းစမ်းရင်းဖြစ်တာလို့ သူတို့က သတင်းတင်တာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

သေဆုံးသွားသူ ပြည်သူ ၂ ဦး၏ အလောင်းများကို ကောက်ယူရန်အတွက် တောင်လက်ရွာမှာ အလောင်းကောက်လာသည့် ပြည်သူ ၄၀ ဦးကိုလည်း အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားကြောင်း၊ ၎င်းတို့ ဗုံးဖောက်ခွဲ သတ်ဖြတ်မှုနှင့် ပတ်သက်၍ လက်တုံ့ပြန်ပါက အကုန်မီးရှို့ပစ်မည်ဟုလည်း ကြိမ်းဝါးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ညောင်ဦးမြို့ပေါ်မှာလည်း ည ၈ ခွဲကျော် ၉ နာရီလောက်ဆို လမ်းမှာတွေ့တဲ့ သူ အလုပ်ပြန်နောက်သူတွေကို မစစ်မဆေးဘဲ ရိုက်နှက်တာတွေ လုပ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလားတူရွှေဘိုတွင် ဒေသပြည်သူတချို့ကို စစ်တပ်က ဖမ်းဆီး၍ ဗုံးဖြင့် ဖောက်ခွဲသတ်ဖြတ်မှုတချို့ ဖြစ်ပွားနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article