34 C
Yangon

ဒီပဲယင်းမြို့နယ်တွင် နေအိမ် ၅၀၀ မီးရှို့ဖျက်ဆီးခံရသည့်ကျေးရွာ တစ်ရွာကို ငွေကျပ်သိန်း ၆၅၀ ကျော် ထောက်ပံ့ လှူဒါန်း

Must read

ဒီပဲယင်းမြို့နယ်တွင် နေအိမ် ၅၀၀ မီးရှို့ဖျက်ဆီးခံရသည့်ကျေးရွာ တစ်ရွာကို ငွေကျပ်သိန်း ၆၅၀ ကျော် ထောက်ပံ့ လှူဒါန်း

ရန်ကုန်၊ ဇွန် ၂၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅၀၀ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာ တစ်ရွာကို ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး အဖွဲ့က ငွေကျပ်သိန်း ၆၅၀ ကျော် ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

မီးဘေးသင့် ပြည်သူများအတွက် တစ်အိမ်လျှင် ကျပ် (တစ်သိန်းသုံးသောင်း ငါးထောင်တိတိ) (၁၃၅၀၀၀) ကျပ်နှုန်းဖြင့် ဇွန်လက စတင်ကာ ခွဲဝေ ကူညီ လှူဒါန်း ထောက်ပံ့ခဲ​့ကြောင်း၊ ဒီပဲယင်းမြို့နယ်က မီးဘေးသင့် အိမ်ခြေ စုစုပေါင်း ၆၀၀၀ ကျော်ခန့်ရှိပြီး အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း၊ ဒီပဲယင်းမြို့နယ်တွင် တခြားမြို့နယ်များမှ နေရပ် စွန့်ခွာ တိမ်းရှောင်လာသည့် စစ်ရှောင်များလည်း နေထိုင်ကြောင်း၊ ရေရှည် စစ်ရှောင်များအတွက် အကူအညီများ လိုအပ်လျက်ရှိကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး အဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

မီးဘေးသင့် ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲများအတွက် ကူညီ ထောက်ပံ့နိုင်ရန် ပါဝင်လှူဒါန်းပေးလျက်ရှိသော အနယ်နယ်အရပ်ရပ်မှ အလှုရှင် အဖွဲ့အစည်းများအား ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့မှ ပြည်သူများကိုယ်စား ကျေးဇူး အထူးတင်ရှိကြောင်း၊ ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး အဖွဲ့ အနေဖြင့် လက်ရှိ အချိန်အထိ ဒီပဲယင်းမြို့နယ် အတွင်း မီးဘေးသင့် ပြည်သူများ အတွက် အလှုရှင်များ၏ အကူအညီ အထောက်အပံ့များ ရရှိနိုင်ရန် ကူညီ ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေဆဲဖြစ်ကာ ကျေးရွာ များစွာ အတွက်လည်း ဆက်လက် ရရှိနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article