27 C
Yangon

MFTB နှင့် MICB အပေါ် အမေရိကန် စီးပွားရေးပိတ်ဆို့မှုအသစ် တုံ့ပြန်ရေး စစ်ကောင်စီက အစည်းအဝေးခေါ်ယူရန်ရှိနေ

Must read

MFTB နှင့် MICB အပေါ် အမေရိကန် စီးပွားရေးပိတ်ဆို့မှုအသစ် တုံ့ပြန်ရေး စစ်ကောင်စီက အစည်းအဝေးခေါ်ယူရန်ရှိနေ

■ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အပါအဝင် မြန်မာ့ စီးပွားရေး ကဏ္ဍတစ်ခုလုံးကို ထိခိုက်မည်ဖြစ်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်း နိုင် ဟုဆို

ရန်ကုန်၊ ဇွန် ၂၂

စစ်ကောင်စီ လက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) ၊ မြန် မာ့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးဘဏ် (MICB) တို့ကို အမေရိကန် ပြည် ထောင်စုက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာလိုက်သဖြင့် မြန်မာ့ စီးပွားရေးကဏ္ဍတစ်ခုလုံး ထိ ခိုက်မှုများ ရှိလာမည်ဖြစ်ရာ စစ်ကောင်စီက စီးပွားရေးဒဏ်ခတ်မှုကို ထိန်းညှိတုံ့ပြန်ရေး အစည်းအဝေး ခေါ်ယူရန် ရှိနေ ကြောင်း သိရှိရသည်။

“ဗဟိုဘဏ်၊ စီမံဘဏ္ဍာဆီကနေ ဘဏ္ဍာရေး ကော်မရှင်ဘက်က အခု လက်ရှိ စီးပွားရေးပိတ်ဆို့မှုကြောင့် ဖြစ်လာနိုင်တဲ့ ထိခိုက်မှုတွေနဲပတ်သက်တဲ့ စာ တမ်း တွေ တောင်းတာရှိတယ်။ ပိတ်ဆို့မှု လာဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ ထိုင်း ဘက်က ထွက်လာက တည်းက တောင်းနေတာ။ ချက်ချင်း အမြန် တောင်း နေတာ။ လက်ရှိ MFTB နဲ့ MICBကို ပိတ်ဆို့ခံရမှုကြောင့် ထိခိုက်မှုက သေချာပေါက်ရှိပါတယ်။ ဘယ်လိုကျော်လွှားမလဲ၊ ဘယ်လို ဖြတ်ကျော်မလဲ ဆိုတာ ဒီရက်ပိုင်း အတွင်း အစည်းအဝေးရှိမယ်လို့ သိရတယ်။ MICB နဲ့ MFTB ဆိုတာက တစ်နိုင်ငံလုံးရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ကုန်သွင်းကုန် အပါအဝင် မြန်မာ့စီးပွားရေးတစ်ခုလုံးရဲ့ ဝင်ပေါက်၊ ထွက်ပေါက်ပဲ။ အဲဒါ ၂ ခု အပိတ် ခံရ တာက သက်ရောက်မှုတော့ကြီးတယ်” ဟု ရန်ကုန်ခေတ်သစ်၏ နေပြည် တော် စစ်ကောင်စီ သတင်းရင်းမြစ်က ပြောဆိုသည်။

ဇွန်လ ၂၁ ရက်နေ့တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာစစ်တပ်၏ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB ၊ မြန်မာ့ ရင်း နှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် MICB ဘဏ်တို့ကို ပိတ်ဆို့ အရေး ယူလိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

UMFCCI အသိုင်း၀ိုင်းမှ စီးပွားရေးသမားတစ်ဦးကမူ နိုင်ငံရေး ဆိုးဝါးလာမှု ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော အခြေအနေများကို နိုင်ငံရေး အရသာ အဖြေရှာမှ စီးပွားရေးကဏ္ဍတစ်ခုလုံး ပြန်လည် ရှင်သန်နိုင်မည် ဖြစ် ကြောင်း၊ ပြည်တွင်း စီးပွားရေး မသေချာမှုက ကျပ်ငွေတန်ဖိုး တောက်လျှောက် ကျဆင်းမှု ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

“ကျပ်ငွေတန်ဖိုးကျမှာတွေ ဒေါ်လာတန်ဖိုးတက်မှာတွေ ဒါတွေ မမေးနဲ့တော့ ။ အဲဒါတွေက ဖြစ်လာမှာ။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ လည်း တဖြည်းဖြည်း ထွက် သွားမှာပဲ။ ကျန်ရင် တရုတ်ပဲ ကျန်မယ်။ အခုဖြစ်နေတာက နိုင်ငံရေး အကျပ် အတည်းနဲ့ စစ်ကောင်စီဘက်က စကား၀ိုင်းဆွေးနွေးပွဲ မသွားလို့ ဖြစ်လာတာ။ အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီလိုဖြစ်လာတာ။ ပြဿနာက နိုင်ငံ ရေး ပြေလည်မှ စီးပွားရေးက ပြန်ကောင်းနိုင်မယ်” ဟု UMFCCI အသိုင်း ၀ိုင်းမှ စီးပွားရေးသမားကဆိုသည်။

စီးပွားရေးပိတ်ဆို့ခံရသော MICB နှင့် MFTB ဘဏ်တို့သည် ပြည်တွင်းတွင် စက်သုံးဆီ၊ စားအုန်းဆီ၊ ဆေးဝါးများ အပါအဝင် သွင်း ကုန်များ တင်သွင်းခြင်း၊ မြန်မာ့ပို့ကုန်များဖြစ်သည့် ဆန်၊ ရေထွက်ပစ္စည်း၊ အထည်ချုပ်တင်ပို့ခြင်း ကဲ့သို့ မြန်မာ့ ကုန်သွယ်ရေးတစ်ခုလုံးကို ထိန်းချုပ်ဆောင်ရွက်နေသော ဘဏ်များ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် ပြည်ပရင်းနှီး မြှုပ် နှံမှုများအားလုံးမှာလည်း MFTB နှင့် MICB ဘဏ်တို့တွင် ငွေစာရင်းဖွင့်လှစ်၍ ရင်းနှီးမြှုပ်နှံမည့် ငွေကြေးများကို မြန်မာကျပ်ငွေ ပြောင်းလဲရယူ၍ စီးပွားရေး လုပ်ကိုင်ရကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ အဝင်အထွက်အားလုံးကို ယင်း ဘဏ် ၂ ခု ထိန်းချုပ် ထားကြောင်း သိရှိရသည်။

စီးပွားရေးပိတ်ဆို့ခံရမှုကြောင့် ပြည်တွင်းစီးပွားရေးလည်ပတ်မှု အလွန် နှေး ကွေး သွားနိုင်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းကာ ရွှေစျေးကွက်၊ ဒေါ်လာစျေးကွက်၊ အိမ်ခြံမြေစျေးကွက်များတွင် ရင်းနှီးမြုပ်နှံမှုများ မြင့်တက်နိုင်ကြောင်း ပြည် တွင်း စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။

“ကျပ်ငွေက လက်ထဲထားရင် အငွေ့ပျံသလိုဖြစ်နေတော့ ဘဏ်တွေမှာ မအပ် ကြဘဲ အပြင်မှာပဲ ရွှေဝယ်၊ အိမ်ခြံမြေဝယ်တာတွေ ဒေါ်လာဝယ်တာတွေက အတော်များတယ်။ ၂၀၂၂ နှစ်ဆန်းပိုင်းကနေ ၂၀၂၃ ခုနှစ်အခုထိ အိမ်ခြံမြေ တိုက်ခန်းစျေးတွေ အတော်ကို အလုပ်ပြန်ဖြစ်တယ်။ ရောင်းသူကလည်း ကိုယ့် အိမ်စျေးမြှင့်ရောင်းသလို အဝယ်လည်းလိုက်တယ်။ သာမန် တစ်ပိုင် တစ်နိုင် တွေက ကန်ထရိုက်တိုက်ခန်းတွေ၊ တိုက်ခန်းတွေ သိန်း ၅၀၀ ကနေ ၁၅၀၀ အတွင်း ဝယ်ရောင်းလုပ်ကြတယ်။ အိမ်ခြံမြေဘက်မှာဆိုရင် သိန်း ၁၀၀၀ ကနေ ၅၀၀၀ အထိက အရောင်းအဝယ် အတော်ဖြစ်တယ်ပြောရမယ်။ ငွေကို လက်ထဲ မထားကြဘူး။ ဒီလို ပိတ်ဆို့မှုတွေ ဖြစ်ရင် အိမ်ခြံမြေပိုပြီး သွက်လာ အလုပ် ဖြစ် လာ နိုင်ပါတယ်” ဟု ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်နှင့် မန္တလေးတို့တွင် အိမ် ခြံမြေ ဝယ်ရောင်း အကျိုးဆောင် ကုမ္ပဏီရုံးများ ဖွင့်လှစ်ထားသည့် စီးပွားရေး သမား က သုံးသပ်ပြောဆိုသည်။

ဇွန် ၂၁ ရက်နေ့ ရွှေစျေးကွက်နှင့် အမေရိကန်ဒေါ်လာစျေးကွက်မှာ လုံး ၀ ရပ် ဆိုင်းနေပြီး အဝယ်သာရှိပြီး ရောင်းသူ မရှိသလောက်ဖြစ်ခဲ့ကြောင်း၊ ရွှေ စျေးမှာ တစ်ကျပ်သား ၃၁ သိန်း ၇ သောင်းကျော်ရှိခဲ့ပြီး ဒေါ်လာစျေးမှာမူ အမေရိကန် တစ်ဒေါ်လာလျှင် ငွေကျပ် ၃၁၀၀ နီးပါး စျေးနှုန်းဖြစ်ပေါ်ခဲ့သော်လည်း ဝယ်လိုအား ထိုးတက်ကာ ရောင်းသူပျောက်စျေးကွက်ဖြစ်နေခဲ့ကြောင်း သိရှိရ သည်။

Photo -Damir Sagolj / Reuters

People pass in front of the Foreign Trade Bank in downtown Yangon May 27, 2012. REUTERS/Damir Sagolj (MYANMAR – Tags: SOCIETY BUSINESS)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article