33 C
Yangon

ရန်ကုန်တွင် “မြို့ပြကို CCTV နဲ့မသတ်နဲ့” စာတန်း ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်တွင် “မြို့ပြကို CCTV နဲ့မသတ်နဲ့” စာတန်း ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဇွန် ၂၈

ရန်ကုန်မြို့တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် “မြို့ပြကို CCTV နဲ့ မသတ်နဲ့” စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့ပြ တော်လှန်ရေး လှုပ်ရှားမှုအတွက် အကြီးမားဆုံးစိန်ခေါ်မှုသည် CCTV မှတ်တမ်းများ ဖြစ်ကြောင်း၊ CCTV တွင် အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဆင်ထားသည့် CCTV နှင့် ပြည်သူလူထုဘက်က တပ်ဆင်ထားသော CCTV ဆိုပြီး ၂ မျိုးတွေ့ရှိကြောင်း၊ ပြည်သူများ အသက်၊ အိုးအိမ်၊ ပိုင်ဆိုင်မှုစသည့် လုံခြုံရေး လိုအပ်ချက်များအရ မလွှဲမရှောင်သာ CCTV များ တပ်ဆင်ထားရခြင်းကို မြို့ပြတော်လှန်ရေးအင်အားစုများအနေနဲ့ နားလည်သိရှိပြီးသား ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တပ်ဆင်ထားပြီးသား CCTV များကို လမ်းမ၊ လမ်းကွေ့များ၊ လမ်းထိပ်များ ဘက်သို့ ဦးတည်မျက်နှာမူထားခြင်းမှ လုံးဝရှောင်ရှားရန်နှင့် မိမိနေထိုင်ရာ သို့မဟုတ် မိမိဆိုင်ခန်းများရှိရာ ရပ်ကွက် ၊မြို့နယ်အတွင်း နွေဦးတော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်သွားသည့်သတင်းကြားလျှင် ကြားခြင်း တပ်ဆင်ထားသော CCTV Record မှတ်တမ်းများကို ဂရုပြု ရှင်းလင်းပေးကြရန် ရေဘဝဲ က မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article