29 C
Yangon

စစ်တပ်က ကျူးလွန်နေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို နိုင်ငံတကာ တရားစီရင်မှု ရရှိရန် ကြိုးပမ်းနေကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆို

Must read

စစ်တပ်က ကျူးလွန်နေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို နိုင်ငံတကာ တရားစီရင်မှု ရရှိရန် ကြိုးပမ်းနေကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆို

ရန်ကုန်၊ ဇွန် ၃၀

အမျိုးသား ညီညွတ်ရေးအစိုးရ အနေဖြင့် အကြမ်းဖက်စစ်တပ်က ကျူးလွန်နေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို နိုင်ငံတကာတရားစီရင်မှုများ ရရှိရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်​ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ထိရောက်သော ဥပဒေ၊ မူဝါဒများဖြင့် ကာကွယ်သွားမည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေးနိုင်ငံတကာနေ့တွင် အမှာစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့အထိ ရရှိခဲ့သည့် တိုင်ကြားစာများအရ ၁၁၇ ခု ရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည့် စာရင်းအရ သိရှိရသည်။

အဆိုပါ စာရင်းတွင် အကြမ်းဖက်စစ်တပ်က ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှာ ၁၀၈ မှုအထိ ရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article