29 C
Yangon

ပုလဲမြို့နယ်တွင် စစ်တပ်က အရပ်သားများကို အကြောင်းမဲ့ ပစ်မှတ်ထား တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင် သေဆုံးသူ ၁၃ ဦးအထိရှိလာပုလဲမြို့နယ်တွင် စစ်တပ်က အရပ်သားများကို အကြောင်းမဲ့ ပစ်မှတ်ထား တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင် သေဆုံးသူ ၁၃ ဦးအထိရှိလာ

Must read

ပုလဲမြို့နယ်တွင် စစ်တပ်က အရပ်သားများကို အကြောင်းမဲ့ ပစ်မှတ်ထား တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင် သေဆုံးသူ ၁၃ ဦးအထိရှိလာ

ရန်ကုန်၊ ဇူလိုင် ၁

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်တပ်က အကြောင်းမဲ့ အရပ်သားများကို ပစ်မှတ်ထား ကြောင်းတိုက်ခိုက်မှုကြောင် သေဆုံးသူ ၁၃ ဦးအထိရှိလာကြောင်း ဒေါင်းနက် – နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန် ထား သည်။

ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ညနေ ၃ နာရီ ၃၅မိနစ်အချိန် စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာနှင့် ယင်းနေ့ မွန်းလွဲ ၃နာရီ ၄၅မိနစ်ခန့်အချိန် ချင်ပြစ်ကျေးရွာအနောက်ဘက် ဆည်ရှင်းလင်း ဆောင်တို့ကို စစ်ကောင်စီက တိုက်လေယာဉ် YAK – 130 အမျိုး အစား တိုက်လေယာဉ်များဖြင့် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ကုန်းကျေးရွာမှ အပြစ်မဲ့ပြည်သူ ၁၁ ဦး၊ ဦးဇင်း ၁ ပါး သေဆုံးခဲ့ရပြီး ပြည်သူ၁၀ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အိမ်ခြေ၁၄လုံးလည်း မီးလောင် ပြာကျပြီး ဘုန်းကြီးကျောင်းဆောင်တစ်ဆောင်ပြိုကျ ပျက်စီးခဲ့ကြောင်း၊ ချင်ပြစ်ဆည်ရှင်းလင်းဆောင်ကို စစ်တပ်တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခံရမှုတွင် ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ညောင်ကုန်းကျေးရွာတွင် သေဆုံးသူများမှာ

၁။ ဦးဇင်းဦးခေမာ အသက် ၅၃နှစ်

၂။ဦးမင်းစိုး(ယမပခရိုင်အမှတ်၁၀တပ်ရင်းမှရဲဘော်)အသက် ၃၈နှစ်

၃။ဦးကျော်မြင့်ဝင်း အသက် ၅၀နှစ်

၄။ဦးစိုးကြီး အသက် ၆၀နှစ်

၅။ဦးဇော်လင်း အသက် ၃၅နှစ်

၆။ဦးသန်းဆောင် အသက် ၇၀နှစ်

၇။ဦးဝင်းအောင် အသက်၅၀နှစ်

၈။ဒေါ်တင်ညွန့် အသက် ၅၅နှစ်

၉။မမြင့်မြင့်နွယ် အသက် ၃၇နှစ်

၁၀။မဟန်နီဇော် အသက် ၁၈နှစ် တို့ဖြစ်ကြောင်း သိရှိရသည်။

ညောင်ကုန်းကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ငြဖ့် ဗုံးကျဲတိုက်ခိုက်ရာ ဒဏ်ရာရသူများမှာ

၁။မဌေးနိုင်(လက်)အသက် ၄၁နှစ်

၂။မဌေးရီ(ခေါင်း)အသက် ၇၂နှစ်

၃။မောင်နေဝင်းတင့်(ခြေထောက်)အသက် ၁၀နှစ်

၄။မသင်းသင်းဆွေ(ခေါင်း)အသက် ၄၅နှစ်

၅။မယဉ်ယဉ်သင်း(ခြေထောက်)အသက် ၃၈နှစ်

၆။ကိုကျော်ဝင်း(စိုးရိမ်ရ)အသက်၄၅နှစ်

၇။မဆယ်မိ(ခေါင်း၊လက်)အသက် ၅၂နှစ်

၈။မဝင်း (လက်)အသက် ၅၂နှစ်

၉။မဂျမ်း(မျက်နှာခေါင်း)အသက် ၂၅နှစ်

၁၀။မဝင်းနု(မစိုးရိမ်ရ)အသက် ၅၀နှစ် တို့ဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က လေကြောင်းဖြင့် ချင်ပြစ်ဆည် ရှင်းလင်းဆောင်ကို ဗုံးကျဲတိုက် ခိုက်မှုတွင် ဒေါ်လှကြည် အသက် ၄၄ နှစ်သေဆုံးခဲ့ပြီး အသက် ၂၁ နှစ်အရွယ် မနုနုထွေး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article