30 C
Yangon

ဘောလခဲတိုက်ပွဲအတွင်း စစ်တပ် တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ဟု ကလလတ ခေါင်းဆောင် တစ်ဦးက အတည်ပြုပြောဆို

Must read

ဘောလခဲတိုက်ပွဲအတွင်း စစ်တပ် တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ဟု ကလလတ ခေါင်းဆောင် တစ်ဦးက အတည်ပြုပြောဆို

ရန်ကုန်၊ ဇူလိုင် ၁

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ မြို့သစ်မြို့နယ်ခွဲ၊ သံလွင်မြစ်ဘေး၊ BGF တပ်ရင်း ၁၀၀၅ အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီပြည်လူမျိုး ပေါင်း စု ပြည်သူ့လွတ် မြောက် ရေးတပ်ဦး (ကလလတ) မှ ခေါင်းဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ အတည်ပြုပြောကြားသည်။

ယမန်နေ့ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် အကြမ်းဖက်စစ်တပ် တိုက် လေယာဉ် တစ်စီးကို ပစ် ခတ် ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပစ်ချလိုက်သည့် တိုက် လေယာဉ် အနီးတွင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အပြင် မြေပြင် စစ် ကြောင်း များပါ ဝန်းရံထားသဖြင့် ပျက်ကျသွားသည့် တိုက်လေယာဉ်အနား ကပ်ခွင့် မရဘဲဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“မနေ့က ပစ်ချတာ၊ ရဟတ်ယာဉ်မဟုတ်ဘူးဗျ၊ ဂျက်လေယာဉ်၊ တိုက်လေယာဉ် ဗျ၊ ဒါပေမယ့်အခုချိန် အထိ လေယာဉ်ရဲ့အမျိုးအစားကို အတည်ပြုလို့ မရသေး ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမှာတိုက်ပွဲက အရမ်းပြင်းထန်နေတယ်၊မနေ့က ပစ်ချလိုက်တဲ့အချိန်မှာ လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ ကောင်းကင် အပေါ် မှာ ၂၄ နာရီဝဲနေတော့ ကျနော်တို့က အနားကပ်လို့မရဘူးဖြစ်နေတယ်၊ ကျ နော် တို့ တပ်တောင်မှ မိုးချုပ်မှ ပြန်ထုတ်ရတယ်၊ အဲဒီလို အနေ အထား မျိုး ဖြစ်တယ်၊ အဲဒီတော့ အမျိုး အစား မသိရ သေးဘူး၊ သေချာတာကတော့ ပစ်ချ လိုက်တာသေချာတယ်၊ တိုက်လေယာဉ်ကို အနားကပ်ဖို့ကလည်း လေ ကြောင်း ရော၊ မြေပြင်ရော အကြီးအကျယ်ကာကွယ်ထားတော့ ကျနော်တို့ ဘာအမျိုး အစားလဲ ဆို တာ သိရဖို့ခက်ခဲနေတယ်၊” ကရင်နီပြည်လူမျိုး ပေါင်းစု ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) တာဝန်ရှိသူက ရန်ကုန် ခေတ် သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုကို ကရင်နီပြည်လူမျိုး ပေါင်းစု ပြည်သူ့လွတ်မြောက် ရေးတပ် ဦး (ကလလတ)၊ KNLA၊ KNDF ၊ ဘောလခဲ PDF ၊ အလယ်ပိုင်းတိုင်း PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျ ဆုံးမှုအခြေအနေ မသိရသေးကြောင်း၊ ဇွန်လ ၂၃ ရက်နေ့မှ စတင်ပြီး အကြမ်းဖက်စစ် ကောင်စီ တပ်က ဘောလခဲမြို့မှ စစ်ကြောင်းနှစ် ကြောင်းဖြင့် ထိုးစစ်ဆင်လာ ခြင်းဖြစ် ကြောင်း၊ ၁၂ မိုင်ကုန်းအရောက် စစ်တပ်က စစ်ကြောင်း ၄ ကြောင်း ထပ်မံ ခွဲပြီး ထိုးစစ်ဆင်လာသည့်အချိန်မှ စတင်၍ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁၃ ရက်နေ့က စတင်ပြီး အကြမ်းဖက်စစ်တပ်ကောင်စီ BGF တပ်ရင်း ၁၀၀၄၊ ၁၀၀၅ တပ်ရင်း ၂ ခုမှ ကရင်နီပြည်လူမျိုး ပေါင်းစု ပြည်သူ့လွတ် မြောက် ရေးတပ်ဦး (ကလလတ)တပ်ဖွဲ့ဝင်များသည် သံ လွင်အရှေ့ ဘက်ခြမ်း တောင် လှ၊ မယ်တ နွယ်၊ ဘီပီ ၁၄၊ မယ်စဲ့တို့ ကရင်နီပြည်လူမျိုး ပေါင်းစု ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ)တပ်ရင်းများအဖြစ် ပြန်လည်ရပ်တည် ကာ KA၊ KNDF ၊ PDF တပ် ဖွဲ့တို့နှင့်ပူးပေါင်းတိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန် နေခြင်းဖြစ်သည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် တိုက်လေယာဉ်ပစ်ချမှု အခြေအနေသတင်းကို ဆက်လက် အတည်ပြု စုံစမ်းရန် မြေပြင်ကို ဆက်လက် ဆက်သွယ် နေဆဲ ဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ တရုတ်တိုက်လေယာဉ်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article