28 C
Yangon

မင်းကင်းမြို့နယ်၊ ကြာပင်ကျေးရွာ အထက်တန်းကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ဟု ပျူစောထီး အောင်ဒုန်းက ဝန်ခံထွက်ဆို

Must read

မင်းကင်းမြို့နယ်၊ ကြာပင်ကျေးရွာ အထက်တန်းကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ဟု ပျူစောထီး အောင်ဒုန်းက ဝန်ခံထွက်ဆို

ရန်ကု်န၊ ဇူလိုင်လ ၂

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကြာပင်ကျေးရွာ အထက်တန်းကျောင်းကို ပျူ စော ထီးများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖမ်းဆီးရရှိသူ ပျူစောထီး အောင်ဒုန်း က ဝန်ခံထွက်ဆိုခဲ့ကြောင်း People Defense Force Taung Dwin Region –Mingin က ရုပ်သံဖိုင်နှင့်တကွထုတ်ပြန်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီး ၆ ရက်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ည သန်း ခေါင်ချိန်တွင် မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၏ အဓိက ကျသော အထက်တန်းကျောင်း တစ်ခုဖြစ်သည့် ကြာပင်အထကကျောင်းကို ရည်ရွယ် ချက်ရှိရှိ ပျူစောထီးများက မီးရှို့ခဲ့သည်ကို ယခုအချိန်မှ သက်သေနှင့် တကွဖော်ထုတ်နိုင်ခြင်း ဖြစ်ကြောင်းသိရသည်။

“ဖြိုးဝေ၊ သိန်းမြတ်၊ ရဲနီ၊ ချက်မောင်၊ သိန်းဝင်၊ စိန်ဝင်း၊ ကျော်နိုင်၊ ဒေါ်ခင်လှ ညွန့် တို့လင်မယား တိုင်ပင် တာ၊ သူတို့က စာသ င်ကျောင်းကြီးကို မီးရှို့ဖို့ တိုင်ပင်တဲ့သူတွေ၊ ကျောင်းကိုမီးသွားရှို့ဖို့အတွက် ဓာတ် ဆီတွေ၊ ဘာတွေ သယ်တာကတော့ ကိုဖြိုးဝေနဲ့ ဦးသိန်းငွေတို့ဗျ၊ ၁၁ နာရီနဲ့ ၁၂ နာရီကြားမှာ စရှို့တာ၊ မြင်လိုက်တဲ့သူတွေလည်းရှိတယ်၊ ကျနော့်လည်းခေါ်သေးတယ်၊ ကျနော် ကတော့ မူးနေလို့မို့ ၊ စိုးခန့်ရယ်၊ သိန်းငွေရယ်၊ စိုးနိုင်၊ဇင်မင်းသူ၊ မျိုးမင်းဦးတို့နဲ့ အဖွဲ့ကြီးတိုင် ဝင်ထွက်ကုန်တာ၊ ချိုလွင်ဦးတို့က ညနေ ကတည်း ကကျောင်းထဲမှာ ရှိတာ၊ ဝင်တာကို သူသိတယ်၊ ကျောင်းကြီးမီးရှို့ဖို့က ဒေါ်ခင်လှ ညို တို့ လင်မယားက လှူတာဗျ၊ မီးရှို့ပြီးတော့ ရဲစခန်းနား အတိုင်းထွက်ခဲ့ကြတာဗျ၊ ကျောင်းမှာ မီးဝုန်းဝုန်းကြီး မလောင်သေးခင် ထွက်ခဲ့တာ၊ အဲဒီကျောင်းကြီးကို ဘာလို့ရှို့တာလဲတော့မသိဘူးဗျ၊”ဟု ကြာပင် ရွာ မှ ပျူစောထီး အောင်ဒုန်းက ဝန်ခံထွက်ဆိုထားသည်။

မီးရှို့ခဲ့သူများမှာ ချက်ထွန်းကုလား၊ မင်းနောင်စိုး၊ သန်းဇော်ဝင်း၊ စိုးခန့်၊ အေးမင်းနောင်၊တင်မောင်ထွန်း၊ တင်မောင်ဝင်း၊ ခွန်ကိုးလေး(ခေါ်)ဆာတီး၊ မင်းထွန်း၊ မျိုးဝင်း၊ ဝင်းထွဋ်၊ အဲမောင်၊ ကျော်ထူး၊ ညီလေး၊ ဝင်းမင်းထွဋ်၊အဲဖန်၊မြင့်ဇော်၊ သိန်းငွေ၊ တိုးနိုင်၊ ဇင်မင်းသူ၊ မျိုးမင်းဦး၊တင်မောင်လှ၊ခန့်စည်သူကျော်၊ ပန်သု၊ ဦးဇင်းကုလားတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းကြီး၌ တောင်တွင်းသူ၊ တောင်တွင်းသားများ အများစု တက် ရောက်ခဲ့ကြသည့် ကျောင်း ဖြစ်ပြီး ယင်းအချိန်က မည်သူမည်ဝါက မီးရှို့ဖျက် ဆီး ခဲ့သည်ကို အတိအကျမသိရဘဲ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က ကြာပင်ရွာ မှ ပျူစောထီး အောင်ဒုန်းကို ကလေးမြို့ UG နှင့် တောင်တွင်း PDF တပ်ဖွဲ့တို့က ဖမ်းဆီးရရှိခဲ့ရာ စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစာသင် ကျောင်းအားမီးရှို့ဖျက်ဆီးသူများကို ဥပဒေနှင့်အညီ အတိအကျ ဖော် ထုတ်ကာ ဖမ်းဆီးကာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်က ဇွန်လ ၃ ရက်နေ့ မီးရှို့ခဲ့သည့် ဖယ်ခုံမြို့နယ်မှ အထက်တန်းကျောင်း မီးလောင်မှုမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article