30 C
Yangon

ပခုက္ကူမြို့မှထွက်လာသော စစ်ကားများနှင့် မိုင်းရှာနေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်

Must read

ပခုက္ကူမြို့မှထွက်လာသော စစ်ကားများနှင့် မိုင်းရှာနေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၃

မကွေးတိုင်း၊ ပခုက္ကူမြို့မှ ထွက်လာသော စစ်ကားများနှင့် မိုင်းရှာ နေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Young Force UG တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံ သို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၂ ရက် ညနေ ၆ နာရီခွဲဝန်းကျင်က ပခုက္ကူမြို့နယ်၊ အင်ပင် ကျေးရွာ နှင့် ကိုးပင်ကျေး ရွာ ကြား၌ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် ခတ်ပြီး ကင်းပုန်းဝပ်ကာ မိုင်းရှာနေသော စစ်သားများကို အယောင်ပြအသံမိုင်း ခွဲခဲ့ရာ မိုင်းရှာစစ်သားများမှာ ထွက်ပြေးသွားကြောင်း၊ ထို့နောက် ကင်းပုန်းဝပ် နေ သော စစ်သားများကို မိုင်းအစစ်များဖြင့် အသုံးပြု ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ပစ်ပြီး မိုင်းရှာသူတွေက ရှာတယ်၊ ကင်း ပုန်း ဝပ်တဲ့သူတွေက ဝပ် တယ်၊ ကျနော်တို့ မိုင်းဆွဲတဲ့ရဲဘော်တွေကို ထောင် ဖမ်း ချင်တဲ့သဘောမျိုးပဲ၊ မိုင်းရှာတဲ့ခွေးတွေကို အသံ မိုင်းနဲ့ခွဲပြီးမှ ကင်းပုန်း ဝပ်တဲ့ သူတွေကို မိုင်းအစစ်နဲ့တိုက်ခိုက်ခဲ့တာ၊ ထိခိုက်သေဆုံးမှုကတော့ ရှိတယ်၊ အတိအကျစုံစမ်းမရတာ၊ ထိခိုက်သေဆုံးမှုတွေရှိလို့ ည ၁၀ နာရီလောက်က ပခုက္ကူကနေ အင်အား ထပ် ဖြည့်တယ်၊အဲဒီ ထပ်ဖြည့်စစ်ကားတွေ ကိုလည်း မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးတယ်” ဟု Young Force UG တပ်ဖွဲ့ မှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ယမန်နေ့ည ၁၀ နာရီခန့်က အင်ပင်စစ်ဆေးရေးဂိတ်သို့ အင်အား ဖြည့် ရန် ပခုက္ကူမြို့မှ စစ်ကား ၅ စီး အပြည့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်သား များသည် ကိုးပင်ရွာအနီးအရောက် ကားပေါ်ဆင်းကာ လမ်းလျှောက် ချီတက် လာစဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိ နိုင်သော်လည်း အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ် ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အ ထိ အခိုက်မရှိ ပြန်လည်ဆုတ် ခွာနိုင် ခဲ့ ကြောင်း သိရသည်။

အင်ပင်ကျေးရွာရှိ အကြမ်းဖက်စစ်သားများမှာ ပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်း သမ်းပစ်ခတ်ပြီး အင်အားများထပ်မံဖြည့်တင်း နေသ ဖြင့် မိဘပြည်သူများအနေဖြင့် အထူးသတိပြုသွား လာနေထိုင်ကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article