31 C
Yangon

ပုသိမ်မြို့တွင် စက်ဘီးနှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ် ပိုင်ရှင် ဦးနေမျိုးထက် ကို စစ်တပ်က ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ပြီး ရုပ်အလောင်း ပြန်မပေး

Must read

ပုသိမ်မြို့တွင် စက်ဘီးနှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ် ပိုင်ရှင် ဦးနေမျိုးထက် ကို စစ်တပ်က ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ပြီး ရုပ်အလောင်း ပြန်မပေး

ရန်ကုန်၊ ဇူလိုင် ၃

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စက်ဘီးနှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ် ပိုင်ရှင် ဦးနေမျိုးထက် ကို စစ်တပ်က ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂ ရက်နေ့တွင် ပုသိမ်မြို့ တဂေါင်းဘုရားကုန်းတော်ပေါ်၌ စက်ဘီးနှင့် ဆိုင်ကယ် တိုက်မိရာမှ စကားများ ရန်ဖြစ်ပြီး စက်ဘီးစီးနှင်းလာသူက အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက် တိုင်ကြားခဲ့ပြီး ဆိုင်ကယ်ပိုင်ရှင် ဦးမျိုးထက် အုပ်ချုပ်ရေးမှူးရုံး၌ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး ဟန်ဝင်းအောင်က​ ဖြေရှင်းပေးခြင်းမရှိဘဲ တကောင်းဘုရားကုန်းတော်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို အကြောင်းကြားပြီး ဖမ်းဆီးထားသည့် ဆိုင်ကယ်ပိုင်ရှင် ဦးမျိုးထက်ကို လွှဲပေးခဲ့ကြောင်း၊ ဆိုင်ကယ်ပိုင်ရှင်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်မှုများ ပြုလုပ်ကာ တဂေါင်းဘုရားကုန်းတော်ပေါ်၌ သေဆုံးခဲ့​​ပြီး မိသားစုဝင်များကို ရုပ်အလောင်းပြန်မပေးကြောင်း သိရသည်။

” စက်ဘီးနဲ့ ဆိုင်ကယ် တိုက်မှုကို အုပ်ချုပ်ရေးမှူး ဟန်ဝင်းအောင်က ဖြေရှင်းမပေးဘဲ တကောင်းဘုရားကုန်းတော်ပေါ်မှာ တပ်စွဲထားတဲ့ ခွေးတပ်ကို အကြောင်းကြားပြီး လွှဲလိုက်တယ်။ ခွေးတွေက ဆိုင်ကယ်ပိုင်ရှင် ဦးမျိုးထက်ကို ဖမ်းခေါ်ပြီး ထုရိုက်တာ ဂေါင်းဘုရားကုန်းတော်ပေါ်မှာတင် သေဆုံးတယ်လို့သိရပါတယ်။ နောက်ဆက်တွဲသတင်းကတော့ ဝိုင်းရိုက်သတ်တဲ့အထဲမှာ ခွေးတပ်ကဗိုလ်ကြီးရာထူးနဲ့ ၂ ကောင် ပါတယ်လို့သိတယ်” ဟု ဒေသကြည်သူတစ်ဦးက ပြောဆိုသည်။

ဆိုင်ကယ်ပိုင်ရှင် ဦးနေမျိုးထက် သေဆုံးကြောင်းကို အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက မဟာဗောဓီရပ်ကွက်ရှိ မိသားစု နေအိမ်ကို လာရောက်အကြောင်းကြားခဲ့ပြီး ရုပ်အလောင်း ပေးဆောင်ခြင်း မရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article