28 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇူလိုင် ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-စစ်ကိုင်းတိုင်း ၊ ဘုတလင် မြို့မှာရှိတဲ့ ကြောင်ပန်းတောရ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က တပ်သား ၃ ဦးသေသွားတဲ့အပြင် ၊လောင်ချာ ၁ လက်နဲ့ သေနတ် ၂ လက်ကိုပါ သိမ်းဆည်းရရှိထားတယ်လို့ ဘုတလင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး ခေါင်းဆောင်တချို့ဆီကနေ ကနဦး သိထားရပါတယ်။

– ပခုက္ကူမြို့နယ်က ကြံ့ဖွတ် ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဆွေလင်း ဆိုသူ ပစ်ခတ်ခံရပြီး သေသွားသလို ၊ မင်းလှ နဲ့ ပေါက်ခေါင်းမြို့နယ်တွေက အုပ်ချုပ်ရေးမှုးနဲ့ ရာအိမ်မှူး စုစုပေါင်း ၄ ဦး လည်း ပစ်ခတ်ရှင်းလင်းခံရပြီး သေသွားတယ်လို့ သိရပါတယ်။

– စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကြာပင်ကျေးရွာ အထက်တန်းကျောင်းကို ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖမ်းဆီးရမိထားတဲ့ ပျူစောထီး အောင်ဒုန်း က ဝန်ခံထွက်ဆိုခဲ့တဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article